၂၆ ရက် ဇွန်လ ၂၀၁၄ ခုနှစ်
တအာင်းဒေသ၊မန်တုံမြို့နယ်၊ ထတ်ကျက်ကျေးရွာနှင့်
နားအော်ကြီးကျေးရွာကြားတွင် ယနေ့ ဇွန်လ ၂၆ ရက် ညနေ ၁၅း၃၀ နာရီမှ ၁၆း၁၅
နာရီအချိန်ထိတစ်ကြိမ် ၁၈း၀၀မှ ၁၈း၃၀နာရီချိန်ထိတစ်ကြိမ် တအာင်းတပ်မတော်
ဗျူဟာ(၁) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း(၁၀၁)နှင့် မြန်မာစစ်တပ် တပ်မ(၈၈)တို့
နှစ်ဘက် အပြန်းအထန် ရင...်ဆိုင်တိုင်ပွဲ ဖြစ်ပွား လျှက်ရှိသည်။
တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ နောက်ဆက်တွဲ သတင်းအား ဆက်လက် တင်ပြသွားပါမည်။
ဇွန်လ ဒုတိယပတ်အတွင်း တအာင်းတပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော်
နေ့စဉ် တိုက်ပွဲဖြစ်ပွါးလျှက်ရှိပြီး ယနေ့ဇွန်လ၂၆ ရက်နေ့
တစ်ရက်နေ့တစ်ရက်တည်းတွင်ပင် တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်
တိုက်ပွဲပေါင်း (၄) ကြိမ် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွါးသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈
Friday, July 18, 2014
ယနေ့ ဇွန်လ ၂၆ ရက် တစ်ရက်တည်း တအာင်းတပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော် လေးကြိမ် တိုက်ပွဲဖြစ်ပွါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment