၂၆ ရက် ဇွန်လ ၂၀၁၄ ခုနှစ်
တအာင်းဒေသ၊နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာနှင့်
ပန်ခါးကျေးရွာကြားတွင် ယနေ့ ဇွန်လ ၂၆ ရက် နံနက် ၀၇း၀၀ နာရီ အချိန်တွင်
တအာင်းတပ်မတော် ဗျူဟာ(၁) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း(၁၁၂)၊ တပ်ရင်း(၄၇၈)နှင့်
မြန်မာစစ်တပ် တပ်မ(၈၈)တို့ နှစ်ဘက် အပြန်းအထန် ရင်ဆိုင်တိုင်ပွဲ ဖြစ်ပွား
လျှက်ရှိသည်။
တိုက်ပွဲတွင် နှစ်ဘက်ထိခိုက...်ကျဆုံးမှု မသိရှိရသေးပါ။ နောက်ဆက်တွဲ သတင်းအား ဆက်လက် တင်ပြသွားပါမည်။
တအာင်းတပ်မတော် တပ်စွဲထားသော တောတွင်း ယာယီတပ်စခန်းတစ်နေရာကို
တိုက်ခိုက်ရန် ချီတက်လာသည့် မြန်မာ့တပ်မတော်အား တအာင်းတပ်မတော်မှ
လက်နက်ကြီးများဖြင့် ခုခံပစ်ခတ်ခဲ့သဖြင့် နှစ်ဘက် အပြန်အလှန် လက်နက်ကြီး/
တအာင်းတပ်မတော် တပ်စွဲထားသောတောင်ကုန်းအား မြန်မာ့တပ်မတော်မှ တက်ရောက်
သိမ်းပိုက်နိုင်ခြင်း မရှိသဖြင့် မြန်မာ့တပ်မတော်မှ တပ်ခေတ္တ ခွါထားပြီး
တိုက်ပွဲငြိမ်သက်လျက်ရှိရာ နှစ်ဘက်စောင့်ကြည့်သည့် အနေအထားတွင်
ရှိနေသေးသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈
Friday, July 18, 2014
တအာင်းတပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော် ပြင်းထန် တိုက်ပွဲဖြစ်ပွါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment