Friday, July 18, 2014

တအာင်းတပ်မတော်(TNLA)တပ်ရင်း(၈၁၈)၊ KIA၊ MNDAA(ကိုးကန့်တပ်မတော်) ပူးပေါင်းအဖွဲ့နှင့် မြန်မာ့တပ်မတော်တိုက်ပွဲဖြစ်ပွား

၃၀ ရက် ဇွန်လ ၂၀၁၄ ခုနှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့နယ်၊မုံးကိုးမြို့နယ်ခွဲနှင့် ဖောင်းဆိုင်ကျေးရွာကြားတွင် ယနေ့ နံနက် (၀၈း၃၀)နာရီမှ (၀၉း၀၀) နာရီအထိ နာရီဝက်ကြာ တအာင်းတပ်မတော်(TNLA)တပ်ရင်း(၈၁၈) ၊ KIA ၊ MNDAA(ကိုးကန့် တပ်မတော်) ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈) လက်အောက်ခံ ခလရ(၇၈)တို့ နှစ်ဘက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် တအာင်းတပ်မတော်(TNLA)တပ်ရင်း(၈၁၈) ၊ KIA ၊ MNDAA(ကိုးကန့်တပ်မတော်)တို့ဖက်ဖိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲ သတင်းအား ဆက်လက် တင်ပြသွားပါမည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

0 comments:

Post a Comment