၂၂ ရက် မေ ၂၀၁၄
ယနေ့ နေ့လည်ပိုင်း ၁၂း၀၀မှ ၁၂း၃၀ အတွင်း မိုင်းငေါ့မြို့နယ်ခွဲ ကျောက်ဖြူနှင့်ပန်လောရွာအကြားတွင် TNLAတပ်မတော်တပ်ရင်း(၇၁၇)နှင့် မြန်မာ့တပ်မတော်တပ်မ(၇၇)တို့တိုက်ပွဲဖြစ်ပွားကြောင်း ရှေ့တန်း တပ်မှူး၏သတင်း ပေးပို့ချက်အရသိရသည်။
တိုက်ပွဲတွင် မြန်မာ့တပ်မတော် တပ်မ-(၇၇) မှ ၂ ဦးကျဆုံးပြီး TNLA ဘက်တွင် ထိခိုက်မှုမရှိပါ။
တိုက်ပွဲနောက်ဆက်အသေးစိတ်အခြေအနေအား ဆက်လက်တင်ပြသွားပါမည်။
မြန်မာ့တပ်မတော်သည် တအာင်းဒေသအတွင်းသို့ တပ်မ (၇၇)၊တပ်မ (၈၈)၊တပ်မ (၅၅)၊တပ်မ (၁၁) တို့အပါအ၀င် စကခ (၁)၊ စကခ(၁၆)တို့ပါဝင်ပြီး စစ်အင်အားတပ်ရင်းပေါင်း (၆၀)ကျော်တို့သည် ဒေသ အတွင်း တအန်းတပ်မတော်ကို အပြတ်ချေမှုန်းရည်စီမံချက်ဖြင့် ထိုးစစ်ဆင်နေသည့် အတွက် နေ့စဉ် နေ့တိုင်း တအန်းဒေသအတွင်း တိုက်ပွဲများဖြစ်ပွားနေရသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈
Thursday, May 22, 2014
TNLAတပ်မတော် နှင့်မြန်မာတပ်မတော် တပ်မ-၇၇ တို့တိုက်ပွဲဖြစ်ပွား မြန်မာတပ် ၂ -ဦးကျဆုံး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment