Saturday, May 31, 2014

တအာင်းတပ်မတော်(TNLA) စစ်ရေးသင်တန်း အမှတ်စဉ် (၃/၂၀၁၄) မှ တပ်သားအချို့ နေရပ်ပြန်လည် စေလွှတ်ခြင်း

၂၉ ရက် မေလ ၂၀၁၄ ခုနှစ်

တအာင်းတပ်မတော်(PSLF/TNLA) တပ်ဖွဲ့သို့တာဝန်ထမ်းဆောင်ရန် ဒေသအသီးသီးမှ ရောက်ရှိလာသည့် တအာင်းမျိုးချစ်စိတ် ရှိသည့် ရဲဘော်များအား စစ်ရေးကျွမ်းကျင်စေရန် အခြေခံစစ်ရေး သင်တန်း အမှတ်စဉ် (၃/၂၀၁၄) ဖွင့်လှစ်လေ့ကျင့်ခဲ့သည်။

ထိုသင်တန်းတွင် ဆေးအဆင့်နိမ့် ၊ သက်ကြီးပိုင်းနှင့် အချိန်ပြည့် တာဝန် မထမ်းဆောင်နိုင်သည့် တပ်သားရဲဘော်များအား (၂၂.၅.၂၀၁၄) ရက်နေ့ မှ ယနေ့ထိ နေရပ်ထံ ပြန်လည် လွှတ်ပေးပါသည်။

ပြန်လည်လွှတ်ပေးသည့် တပ်သားများမှာ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ မိုးကုတ်၊ ကျောက်မဲ ဒေသတို့ ဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၇၀၉၇၇၇၂၊ ၀၉၄၉၃၁၄၉၅၁၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

0 comments:

Post a Comment