Tuesday, May 20, 2014

မြန်မာ့တပ်မတော်နှင့် တအာင်းတပ်မတော်(TNLA)၊ KIA(တပ်မတော်)၊ MNDAA(ကိုးကန့်တပ်မတော်)တို့တိုက်ပွဲဖြစ်ပွား

၂၀ ရက် မေလ ၂၀၁၄ခုနှစ်

မူဆယ်မြို့နယ်၊ မုံးကိုး မြို့နယ်ခွဲ ၊ကောင်းမူးလိုင်ကျေးရွာအနီးတွင် ယနေ့ မေလ ၂၀ ရက် နံနက် ၀၆း၀၀ မှ ၀၆း၃၀ နာရီချိန် အထိတစ်ကြိမ်၊ ၀၇း၀၀ နာရီမှ ယခုထိ တစ်ကြိမ် မြန်မာ့တပ်မတော်နှင့် တအာင်းတပ်မတော်(TNLA)၊ (KIA)တပ်မတော်၊ MNDAA(ကိုးကန့်တပ်မတော်)တို့တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင်တအာင်းတပ်မတော်(TNLA)၊ (KIA)တပ်မတော်၊ MNDAA(ကိုးကန့်တပ်မတော်)တို့ဖက်မှ ထိခိုက်ကျဆုံးမှု မရှိပါ။ မြန်မာတပ်မတော် ဘက်မှထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲသတင်းအား ဆက်လက်တင်ပြသွားပါမည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

0 comments:

Post a Comment