၁၉ ရက် မေလ ၂၀၁၄ ခုနှစ်
နမ့်ခမ်းမြို့နယ်၊ ပန်ဆေးဒေသ၊ ၀ါလိုင်းကျေးရွာတွင် ၁၉ရက် မေလ ၀၂း၀၀ နာရီချိန်တွင် ၀ါလိုင်းကျေးရွာ၊ ၀ါလိုက်ပြည်သူ့စစ် နေအိမ်အား သတင်း အရ တအာင်း တပ်မတော်မှ မူးယစ်ဆေးဝါး ၀င်ရောက်ဖမ်းဆီးခဲ့သည်။ အဆိုပါနေအိမ်တွင် ဘိမ်းစိမ်း (၂၀)ပိဿာ ၊ ရာမ ...ဆေးပြား (၁၀)ထုတ် (၂၀၀၀)ပြားနှင့် သေနတ် M-22(၄) လက်၊ M-20 ပစ္စတို(၂)လက် ၀င်ရောက်ဖမ်းဆီး ရမိသည်။
ထိုသို့ဝင်ရောက်ဖမ်းစီးချိန်တွင် ၀ါလိုင်းပြည်သူ့စစ်စခန်းမှ အခြေချတပ်စွဲနေသော မြန်မာစစ်တပ် တပ်မ(၈၈) မှ တအာင်းတပ်မတော်(TNLA) အား စခန်းမှနေ၍ စီးနင်းပစ်ခတ်သဖြင့် တအာင်းတပ်မတော်ဘက်မှလည်း စခန်းပေါ်သို့ RPG (၃)ချက် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် နှစ်ဖက် နာရီဝက်ခန့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် တအာင်းတပ်မတော်မှ ထိခိုက်ကျဆုံးမရှိပါ။ မြန်မာ့တပ်မတော်ဘက်မှ (၁)ဦးကျဆုံးသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊
Monday, May 19, 2014
ဝါလိုင်းပြည်သူ့စစ်ထံ မူးယစ်ဆေးဝါး ဖမ်းဆီးချိန်တွင် TNLA နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment