တော်လှန်ရေးဘဝရဲ့တန်ဖိုး
တော်လှန်ရေးသမားရဲ့ဘ၀အလှ
တော်လှန်ရေးအနှစ်သာရ
အားလုံး ဒီနေရာမှာ ငါတကယ်ရရှိခဲ့တယ်။
PSLF/TNLA ရဲ့ GS တောပျော်
အဲဒီတုန်းက ရဲဘော်တစ်စိပ်တည်း
ငါနဲ့ပေါင်းမှ ၁၅ ယောက်
၂၀၁၂ ခုနှစ်ရဲ့ ကွတ်ခိုင်တောင်ပေါ်အအေးဒဏ်က
ငါ့ကိုအတော်ရင့်ကျက်စေခဲ့တယ်။
အားလုံးဝိုင်းဝန်းသယ်ပိုးတော့
၂၀၁၃-၂၀၁၄ မှာ
ငါ့တပ်ရင်း က ၁၅ ရင်းဖြစ်ပေါ့။
ငါတို့တအာင်းရှိရာ TNLA ရှိစေရမယ်
ငါတို့တအာင်းပျော်မွေ့ရာ တအာင်းတပ်ပျော်ရမယ်။
ဒီအသီးအပွင့်တွေမြင်တော့
၂၀၁၂ က သေချင်စော်နံတဲ့ဆင်းရဲမှု
တအာင်းတပ်မတော်က အားလုံးကို အန်တုနေတော့တယ်။
ဖိုမ်ငါမ် (ကုင်ဆိုရ်မျံမ်)
၂၈-၀၄-၂၀၁၄။ ၂၁း၂၁ နာရီ
0 comments:
Post a Comment