ငြိမ်းချမ်းရေးအတွက် တပြည်လုံးအပစ်ရပ်စာချုပ်ထိုးဖို့နီးစပ်နေပြီ
ဘာဖြစ်လို့တိုက်ပွဲတွေဖြစ်နေရသလဲ…
ဒါက အခုတလောမီဒီယာတွေ ကျနော့်ကိုဆက်တိုက်အမေးများတဲ့မေးခွန်းပါ။
ကျနော့်တော်လှန်ရေးပျောက်ကျားရဲဘော်တွေလည်း လူပဲမို့
တိုက်ပွဲပမ်း ခရီးကြမ်း ကျနော်မလျှောက်စေချင်ဘူး။
ဒါပေမဲ့ အောက်ခြေသတင်းတက်လာတာကတော့
ကျောက်မဲ၊ နမ့်ဆန်၊ မိုးကုတ်၊ မန်တုံ ဖက် ၇၇ တပ်မတွေပြည့်နှက်လို့
၈၈ တပ်မက ကွတ်ခိုင်၊ နမ့်ခမ်းမှာ
စကခ-၁ နဲ့ ၁၆ လက်အောက်ခံတပ်တွေလည်း ရှိနေဆဲ
ကဲ- တော်လှန်ရေးရဲဘော်တွေ တိုက်ပွဲဘယ်လိုရှောင်လွှဲမလဲ … … …
ကာချုပ်ရဲ့ မူ ၆ ရပ်နဲ့
တိုင်းရင်းသားတို့ဘယ်လိုအပစ်ရပ်ကြမလဲ။
ကိုယ်ကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့ သမိုင်းကောက်ကြောင်းကိုပြန်ကြည့်မိတယ်…
၉၀ ရွေးကောက်ပွဲ NLD အနိုင်ရတော့ ငြိမ်းချမ်းမဲ့ရောင်ခြည်လေး တမ်းမယ်ကြံတုန်း
စစ်အာဏာအသက်ဆက်လို့…
၂၀၀၀ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်လွတ်တော့
ဟေ့ ဝန်ပိမဲ့ရုံးပစ္စည်းမဝယ်နဲ့ ရေရှည်တည်မဲ့ပစ္စည်းမထားနဲ့
မကြာခင်ပြည်တွင်းပြန်ရတော့မယ်…တဲ့..
ဒီလိုနဲ့ ၂၀၀၃ ဒီပဲယင်းအရေးအခင်း… အားလုံးကိုချနင်းလိုက်တော့တယ်။
ဟော ၂၀၀၈ ဖွဲ့စည်းပုံကိုအတည်ပြု
၂၀၁၀ ရွေးကောက်ပွဲအတုနဲ့
ချိတ်ထမိန်ဝတ် တတိယလိင်အစိုးရတက်လာတော့
မြန်မာပြည်ငြိမ်းချမ်းလာပြီ…
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ထွန်းကားလာပြီ…တဲ့…
၂ နှစ်ကျော်ကြာ တိုင်းရင်းသားတွေနဲ့တွေ့ဆုံမှု
ဘာတခုမှ လက်ဆုပ်လက်ကိုင်မပြနိုင်သေးခင်မှာပဲ
တဝုန်းဝုန်းတဒိုင်းဒိုင်း သူတို့ဘီးလူးဆိုင်းတွေ တီးတော့တယ်။
NLD လည်း လမ်းခရီးတဝက် ရှေ့တိုးနောက်ထွက် ခက်။
ကျနော်တို့ ၂၀၀၅ မှာလက်နက်အသိမ်းခံလိုက်ရကတည်းက သိနေပါတယ်။
ဒါကြောင့် ကိုယ့်လူမျိုးအတွက် လိုအပ်မဲ့အခြေခံတွေတည်ဆောက်ခဲ့တာ…
၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံကန့်ကွက်ခဲ့တာ…
၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာ…
အခု TNLA တအာင်းတပ်မတော် စုစည်းတည်ဆောက်ခဲ့တာ…
တအာင်းတပ် စဖွဲ့ကတည်းက
မီးသတ်ဖွဲ့ကို မီးကျိုးမောင်းပျက်သေနတ်တပ်ပြီး တိုက်ဖို့မလောက်တဲ့ကောင်တွေဆိုပြီ…
မြန်မာ့တပ်မတော်ကြုံးဝါးသံက အခုထက်ထိ တအာင်းမြေမှာ သေနတ်သံတွေညံနေဆဲ…
သံဃာသတ် ၇၇-၈၈ တပ်မ သူတို့လည်း ကြွတာပဲ- ဘာသားနဲ့ထုထားတာမှတ်လို့။
ဒီလိုပါပဲ တအာင်းလူထုကြီးရေ…
တအာင်းအရေး ဓါးသွေးပြီး အသင့်ပြင်ထားမှ
တအာင်းအရေး အားလုံးအားပေး စုစည်းညီညွတ်ထားမှ။
သူတို့တွေ ထပ်တခါစစ်အာဏာသိမ်းရင်
အခြားသူတွေ ပိုင်နက်နယ်ပယ် မြေပုံရေးရင်
အချို့တိုင်းရင်းသားတွေ နိုင်ငံ၊ ပြည်နယ် သစ် တည်ကြရင်…
တို့တအာင်းတွေ ဘာဆက်လုပ်ကြမလဲ။
တအာင်းတပ်မတော် ကတော့ရှင်းပါတယ် … ဘ်ုပ်ဘိုန်ကုင်တအာင်း… …
ဖိုမ်ငါမ်(ကုင်ဆိုရ်မျံမ်)
၂၆-၀၄-၂၀၁၄ ၂၃း၁၂ နာရီ
Tuesday, April 29, 2014
တအာင်းအတွက် လျှပ်တပြက် တွေးမိတဲ့ခံစားချက်…
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment