၂၃ ရက် အေပြီလတွင် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် နမ့်ခမ်း-ငေါ့ခိုက် တိုက်ပွဲတွင် တအာင်းတပ်မတော် TNLA ပစ်လိုက်သည့် RPG ကြောင့် တပ်မ (၈၈) ဗျူဟာမှူး အပြင်းအထန် ဒါဏ်ရာရရှိကာ မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသမှု ခံနေသည်ဟု သိရှိရသည်။
ထိုတိုက်ပွဲဖြစ်ပွားနောက် ၂၄ ရက်နေ့တွင် စစ်ကားတန်းဖြင့် မူဆယ်-လားရှိုးကားလမ်းဖြင့် ထွက်ခွါသွားသည်ကို တွေ့ရှိရာ ဆက်လက်စုံးစမ်းသည့်အခါ တပ်မ (၈၈) ဗျူဟာမှူးး ထိခိုက်ဒါဏ်ရာရပြီး လိုက်လုံပို့ဆောင်ခြင်းဖြစ်သည်။ ဗိုလ်မှူးကြီးမှ ခြေ ၂ ချောင်းစလုံးထိမှန်ပြီး တချောင်းမှာ ထိုနေရာတွင်ပင် ပြတ်သွားခဲ့သည်။
ငေါ့ခိုက်တိုက်ပွဲတွင် မြန်မာဖက်မှ ၁၃ ဦးကျဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
0 comments:
Post a Comment