Wednesday, May 7, 2014

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တိုက်ပွဲဖြစ်ပွါး

၇ ရက် မေလ ၂၀၁၄ ခုနှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်၊ လားရှိုး-သိန္နီ- ကွမ်းလုံ ကားလမ်းမပေါ် အေးရှားဝေါ ဂိတ်အနီး ကွမ်းလုံမြို့နှင့် (၁၇)မိုင်အကွာ ယနေ့ ဧပြီ ၇ ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင် တအာင်းတပ်မတော် တပ်ရင်း(၃၃၅) နှင့် မြန်မာ့တပ်မတော်တို့ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် တအာင်းတပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဘက်မှ အနည်းဆုံး (၃)ဦး ကျဆုံးပြီး ဒဏ်ရာအများအပြားရရှိခဲ့သည်။

တအာင်းဒေသသို့ ထိုးစစ်ဆင်လာသည့် ယာဉ်တန်း အစီး (၄၀)ခန့်သည် လားရှိုး-သိန္နီ- ကွမ်းလုံကားလမ်း အတိုင်းတက်လာရာ တအာင်းတပ်မတော် ဘက်မှ RPG (၄) လုံး ပစ်ခတ်ကာ မြန်မာ့တပ် စီးလာသော ယာဉ်တန်းအား ထိမှန်ကာ ကား (၂) စီး မီးလောင်ပျက်စီးသွားသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

0 comments:

Post a Comment