Friday, April 25, 2014

မြန်မာ့တပ်မတော်မှ ဆာလူကျေးရွာတွင် လူထုများအားပေါ်တာဆွဲခြင်း



၂၄ရက် ဧပြီလ ၂၀၁၄ ခုနှစ်
တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ ဆာလူကျေးရွာတွင် ယနေ့ ဧပြီ ၂၄ ရက်နေ့တွင် မြန်မာစစ်တပ်မှ လမ်းသွားလမ်းလာ ကျေးရွာလူထု များအားမတရား ခေါ်ယူစစ်ဆေး မေးမြန်းကြိမ်းမောင်းခြင်း အမျိုးသားများအား ပေါ်တာဆွဲခေါ်သွားကြောင်း ဒေသခံလူထုများထံမှ မေးမြန်းသိရှိရသည်
ဧပြီလ ၂၃ ရက်နေ့ တွင်လည်း ကျေးရွာအတွင်း၌ အမျိုးသမီးများနှင့် ကလေးလူငယ်များအား လက်ပစ်ဗုံး ကိုင်ကာ လိုက်လံခြိမ်းခြောက် ခဲ့ကြောင်း မျက်မြင်ကျေးရွာလူထု ထံမှသိရှိရသည်။

ထိုသို့ခြိမ်းခြောက် မှုကြောင့် ကလေးငယ်တစ်ဦး သတိလစ် မေ့မျောသွားခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments:

Post a Comment