Friday, April 25, 2014

နမ့်ခမ်းမြို့ ပန်ဆေးကျော်မြင့်၏စီးကရက်စက်ရုံ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား



၂၄ရက် ဧပြီလ ၂၀၁၄ ခုနှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ ပန်ဆေးကျော်မြင့် - ခိုလုံလီရှောပိုင် ၈၈၈ စီးကရက်စက်ရုံ၌ ဧပြီ ၂၃ ရက် ည ၁၉း၄၅ နာရီအချိန်ခန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှုမရှိပါ။

ဗုံးမှာစစ်ဖက်သုံး ဗုံးအမျိုးအစားဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက လာရောက်ဖောက်ခွဲသည်ကို မသိရှိရသေးချေ။

ခုရက်ပိုင်းအတွင်း နမ့်ခမ်းမြို့ နယ်ဝင်းကျင်တွင် မြန်စစ်တပ်နှင့် TNLA, SSPP, KIA တပ်ဖွဲ့တို့နှင့် အဆက်မပြတ် ထိတွေ့ တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments:

Post a Comment