“တအာင်း(ပလောင်)
လူမျိုးအား ရှမ်းမျိုးနွယ်စုအောက်တွင် ထည့်သွင်း သန်းခေါင်စာရင်းကောက်ရန် သတ်မှတ်ခြင်းကို
သဘောမတူကန့်ကွက်ကြောင်း”
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏ သဘောထားထုတ်ပြန်ကြေညာချက်
ထုတ်ပြန်ချက်အမှတ်။ ။ ဝဝ၃§၀၅§ဌနခ-၁၄
၁။ သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာအစိုးရမှ မြန်မာပြည်တဝှမ်းလုံး
သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် အတွက် ပြင်ဆင်သတ်မှတ်ရာတွင် မြန်မာပြည်
တိုင်းရင်းသားလူမျိုးကြီး ရှစ်မျိုးဟု ခွဲခြားသတ်မှတ်ခြင်း၊ မိမိတို့ တအာင်း (ပလောင်)
လူမျိုးအား သတ်မှတ်ထားသည့်လူမျိုးကြီးတခုဖြစ်သော ရှမ်းမျိုး နွယ်စု (၃၃)
မျိုးအောက်တွင် ထည့်သွင်း
ထားခြင်းနှင့် ပလောင်၊ ပလေး ဟူ၍
သင်္ကေတနံပါတ်
(၈၀၇)နှင့် (၈၁၇) ခွဲခြား သတ်မှတ်ထားခြင်းကို မိမိတို့
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးမှ
သဘောမတူကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
၂။ မွန်၊ ဝ၊ တအာင်း (ပလောင်) လူမျိုးများသည်
မွန်ဂိုလွိုက်လူမျိုးနွယ်ကြီးမှ
မွန်-ခမာ
မျိုးနွယ်စုဖြစ်ပြီး လက်ရှိနေထိုင်ရာ မြန်မာပြည်တွင်
ရှေးနှစ်ထောင်ပေါင်းများစွာကတည်းကပင်
အခြေချနေထိုင်လာခဲ့ကြသည်။
ထိုကြောင့် တအာင်း (ပလောင်) လူမျိုးတို့သည်
မြန်မာနိုင်ငံရှိ
တိုင်းရင်းသားလူမျိုးများဆက်နွယ်ဆင်းသက်ရာ မျိုးနွယ်စုများတွင် မွန်-ခမာ
မျိုးနွယ်စု သာဖြစ်ပြီး ရှမ်းလူမျိုးနှင့်မည်သို့မျှ ဆက်နွယ်သက်ဆိုင်ခြင်းမရှိပေ။
၃။ သဘာဝဘေးအန္တရာယ်ဒါဏ်၊ လက်နက်ဝါဒီစစ်ဘေးဒါဏ်နှင့် စီးပွားရေးအခြေအနေတို့ကြောင့်
တအာင်း နှင့် ရှမ်း လူမျိုးအချို့တို့မှာ
တောတောင်ရေမြေတခုတည်းတွင်
နှစ်ပေါင်းများစွာအတူနေထိုင်လာခဲ့ကြသည့် တိုင်းရင်းသား လူမျိုးများသာဖြစ်သည်။ လူမျိုးနောက်ခံသမိုင်း၊
နယ်မြေဒေသ၊ မျှတသောစီးပွားရေးနှင့် သင့်တင့်သောလူဦးရေ ရှိသည့် တအာင်း
(ပလောင်) လူမျိုးမှာ ရှမ်းလူမျိုးစုနွယ်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပေ။
၎။ ထို့အတူ ရေမြေတောတောင်ကျယ်ပြန့်မှု၊ လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှုနှင့်
ရှေးရိုးအစဉ်အလာနှင့်အုပ်ချုပ် ဦးဆောင်မှုခံယူချက်တို့ကြောင့် တအာင်းလူမျိုးအတွင်းတွင်
မျိုးနွယ်စိပ်များစွာတည်ရှိလျှက်ရှိနေပြီး၊ အားလုံးမှာ မိမိကိုယ်ကို
တအာင်းလူမျိုး တမျိုးတည်းအဖြစ်သာခံယူထားကြပါသည်။ ပလောင်၊ ပလေး လူမျိုး ဟူ၍
မရှိပါ။
၅။ ထိုကြောင့် တအာင်း(ပလောင်) လူမျိုးကို
ယင်းတို့၏လူမျိုးကြီးတခုဖြစ်သည့်
ရှမ်းလူမျိုးနွယ်အောက်တွင်
ထည့်သွင်း ခြင်းမပြုဘဲ လူမျိုးတခုအဖြစ်သီးသန့်သတ်မှတ်ရန်၊ လူမျိုးသင်္ကေတအမှတ်
Code ကိုလည်း ပလောင်၊
ပလေး မဟုတ် ဘဲ တအာင်း လူမျိုး ဟူ၍ တမျိုးတည်းသာ သတ်မှတ်ရန်
မိမိတို့၏ သဘောထားကို ထုတ်ပြန်ကြေညာ လိုက်ပါသည်။
“ဘ်ုပ်ဘိုန် ကုင်တအာင်း”
ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (P.S.L.F )
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
(T.N.L.A)
0 comments:
Post a Comment