တအန်းတပ်မတော်နှင့်
မြန်မာတပ်မတော်တိုက်ပွဲဆက်
အခြေအနေတင်းမာ
၇ ရက် ဖေဖော်ဝါရီလ ၂၀၁၄ ခုနှစ်
နမ့်ဆန်မြို့နယ်အခြေစိုက် တအန်းတပ်မတော် တပ်ရင်း ၂၅၆ နှင့်
မြန်မာတပ်မတော် ခမရ ၁၇၊ ၅၀၆၊ ၁၁၅ စစ်ကြောင်းတို့ နမ့်ဆန်မြို့နယ် ဟိုမိန်းနှင့်ပန်ဆွေရွာအကြားတွင် ယနေ့ ၇
ရက်ဖေဖော်ဝါရီလ ၁၂း၀၀ နာရီခန့်မှ စတင်ပြီးရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေလျှက်ရှိသည်။
လွန်ခဲ့သော ဖေဖော်ဝါရီ ၃ ရက်နေ့တွင် မြန်မာတပ်ရင်း
၁၇၊ ၅၀၆၊ ၁၁၅ တို့နှင့်အတူ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများလည်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့သို့
ရောက်ရှိလာပြီး နမ့်ဆန်မြို့နယ်အတွင်း တအန်းတပ်များကို
ဆက်တိုက် ပိုက်စိပ်တိုက်ထိုးစစ်ဆင်လာခဲ့သည်။
တိုက်ပွဲမှာ ဆက်တိုက်ဖြစ်ပွားလျှက်ရှိပြီး
ပန်ဆွေရွာနှင့် ဟိုမိန်းရွာတို့တွင် မြန်မာတပ်ဖွဲ့များ ခေတ္တအခြေစိုက်ပြီး ထိုဒေသအနီးတောတန်းများတွင် လှုပ်ရှားနေသော တအန်းတပ်ကို
တိုက်ခိုက်နေခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပြီး
နှစ်ဘက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပေ။
လွန်ခဲ့သော ဇန္နဝါရီလ ၂၅ ရက်နေ့တွင် တအန်းတပ်ရင်း ၂၅၆
မှ မြန်မာ ၅၀၆ စစ်ကြောင်းနှင့် နမ့်ဆန်မြို့အနီး ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာ ၅၀၆ စစ်ကြောင်းမှူး၊ တပ်ခွဲမှူး အရာရှိ
၂ ဦးနှင့် အခြားအဆင့်တပ်ဖွဲ့ ၃ ဦး စုစုပေါင်း ၅
ဦးကျဆုံးခဲ့သည်။
ဖေဖော်ဝါရီ ၃ ရက်နေ့တွင်လည်း တအန်း တပ်ရင်း ၇၁၇
နှင့် မြန်မာတပ် ၂၂၃ တို့ မိုးကုတ်မြို့အနီးတွင် တိုက်ပွဲဖြစ်ရာ မြန်မာတပ်မှ တပ်ကြပ်ကြီးတဦး ကျဆုံးပြီး လက်နက် MA 1 တလက်နှင့်ကျည်များ
သိမ်းဆည်းရမိခဲ့သည်။
မြန်မာတပ်တို့သည် နမ့်ဆန်မြို့နယ်တခုတည်းတွင်ပင်
စစ်ကြောင်း ၅ ကြောင်း ဖွင့်ပြီး တအန်းတပ်မတော်အား ထိုးစစ်ဆင်နေလျှက်ရှိသည်။
P.S.L.F/ T.N.L.A
သတင်းနှင့်ပြန်ကြားရေးဌာန
0 comments:
Post a Comment