TNLA ၇၁၇ တပ်ရင်း
နှင့်မြန်မာတပ်တို့ မိုးကုတ်ဖက်တွင်တိုက်ပွဲဖြစ်
၃ ရက် ဖေဖော်ဝါရီလ ၂၀၁၄
၃ ရက် ဖေဖော်ဝါရီလ ၂၀၁၄
ယနေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက် ၀၆း၀၀ နာရီအချိန်ခန့်တွင် တအန်းတပ်မတော် (၇၁၇) တပ်ရင်း ၏ လှုပ်ရှားတပ်ဖွဲ့နှင့် မြန်မာတပ် ခလရ (၉၅) တို့ မိုးကုတ်မြို့နယ် အေးသာယာရွာ အနီးတွင် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲမှာ ၀၆း၄၅ နာရီခန့်တွင်ပြီးဆုံးခဲ့ပြီး တနာရီနီးပါးကြာတိုက်ပွဲတွင် မြန်မာတပ်ဖွဲ့တို့ ဆုတ်ခွာသွားသဖြင့် တိုက်ပွဲအဆုံးသတ်ခဲ့သည်။
တအန်းတပ်ဖွဲ့က မြန်မာတပ် ခလရ(၉၅)၏ MA.1 တလက်သိမ်းဆီးရမိသည်ဟု တပ်ရင်း ၇၁၇ တပ်ရင်းမှူးမှ တိုက်ပွဲအစီရင်ခံစာပေးပို့ခဲ့သည်။ တအန်းတပ်မတော်ဖက်မှ ထိခိုက်ဆုံးရှုံးမှုမရှိပါ။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁ ၄၉၅၁
၀၉ ၄၇၀၉ ၇၇၇၂
0 comments:
Post a Comment