Thursday, May 9, 2013

SSA နှင့် မြန်မာစစ်တပ် နမ့်ခမ်းအနီးတွင် တိုက်ပွဲဖြစ်


၉ရက်၊မေလ၊၂၀၁၃ ခုနှစ် ရှမ်ပြည်နယ်မြောက်နမ့်ခမ်းမြို့နယ်ရှိ ၇၀၁ ရှမ်းတပ်စခန်း နော်တောင်း ကု့တိုးဆိပ်အနီးတွင် မြန်မာစစ်တပ် ၄၅တပ်ရင်းနှင့် ရှမ်းတပ်တို့ မနက်ပိုင်းအချိန် ၄နာရီခွဲမှ မနက် ၆ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဒီမနက်အချိန်မှာပဲ ပစ်ကြတာ မြန်မာစစ်တပ်တွေကတော့ တွန်းဟိုင်း ကနေပြီတော့ ပစ်တာ ၇၀၁ စခန်းအနီးကိုတော့ မြန်မာစစ်တပ်တွေ ၀င်လို့မရ သေးဘူး အဝေးကနေပဲ ပစ်ခတ်နေကြတာ.. အခု ရှမ်းတပ် တွေတော့ နော်မား ရှမ်းရွာထဲမှာပဲ ရှိနေသေးတယ်.. တိုက်ပွဲဖြစ်တာကတော့ အချိန် ၂ နာရီ နီပါး လောက်ကြာတယ် ဟုဒေသခံ တစ်ဦးမှပြောပြသည်။

ဒီမနက်တိုက်ပွဲဖြစ်ပွားရာတွင် မည်သည့် စစ်တပ်ဖက်မှ ဘယ်လောက်အထိကျဆုံးသည့်ကို မသိရှိသေးရပေ.. အခုချိန်အထိ နှစ်ဖက်တပ်များ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်သည့်ဟု သိရှိရပါသည်။

ဒေသခံတစ်နောက်ဦးမှ ပြောပြရာတွင် ဗမာစစ်သားတွေက နှစ်ဖက်ခွဲပြီ စခန်းကို ၀င်တိုက်တယ်..မနက်စောစော သူတို့အချင်ချင်းမှားပြီ ပစ်ကြလို့ ထိခိုက်မှုလဲဘယ်လိုရှိလဲဆိုတာတော့ မသိရသေးဘူးလို့ ပြောသည်။

နေ့လည် သတင်းရရှိချက်အရ မနက် ၉နာရီအချိန်က မြန်မာတပ်ရင်း ၁၄၅ မှ လက်နက်ကြီး ၁၁ဖြင့် ပစ်ခတ်နေကြောင်း သိရှိရပါသည်။

နောက်ဆုံးသတင်းပေးပို့ချက်အရ ယခုသတင်း တင်သည့်အချိန်ထိ အဆက်မပြတ် လက်နက်ကြီးဖြင့် ပစ်ခတ်နေကြဆဲဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments:

Post a Comment