Thursday, May 9, 2013

တော်လှန်ရေးစစ်သင်တန်း


ငြိမ်းချမ်းရေးအတွက် ရှာပုံတော်ထွက်စဉ်

သေနတ်ကိုင်သူတွေဟာ သားသတ်သူပါ…
စစ်သင်တန်းဟာ လူသတ်နည်းသင်ကြားပေးရာ ဌာနေပါ…
ဒီလိုပဲ ရိုးရိုးစင်းစင်း ငါယုံကြည်တွေးစမိခဲ့။



ငြိမ်းချမ်းရေး ရှာပုံတော်ခရီးရှည်မှာ
နှစ်လရှည်ညောင်း ရာသီပြောင်းလို့
အင်အားသုံးနိုင်ငံရေးယဉ်ကျေးမှု
တော်လှန်ရေးအမှုပြုရတဲ့ ငါကိုယ်တိုင်…
ငြိမ်းချမ်းရေးပွဲစား
အပစ်ရပ်ရေးကုမဏီ
သူတို့တွေဆီက သန်းခေါင်ယံထွက်နေမင်းကို
အမျှော်မှားမိတော့…
ငါ့မြေမှာ …စစ်မီးတွေခ
ငါ့ရေမှာ… စစ်မီးတွေခ
ငါ့ပြည်သူမျက်ဝန်းမှာ… စစ်မီးတွေခ။

တော်လှန်မီးအတွက် စစ်သင်တန်းဟာ
လူသတ်နည်းသင်တန်းဆိုပေမဲ့
ငါ့မြေကိုကာကွယ်ဖို့
ငါ့ရေကိုကာကွယ်ဖို့
ငါ့ပြည်သူကိုကာကွယ်ဖို့
ငါတို့… စစ်သင်တန်းတွေ ဆက်တိုက်ဖွင့်ရမယ်။

ဖိုမ်ငါမ်(ကုင်ဆိုရ်မျံမ်)
၃၁.၀၃.၃၀၁၂
၅း၄၅ နာရီ

0 comments:

Post a Comment