၂၀၁၀ မှာ နိုင်ငံရေး ဘာမှမပြောင်းလဲနိုင်ဘူး၊
စစ်အုပ်စုတွေလုပ်မဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ
လူထုအတွက် အကျိုးတစုံတရာဖြစ်ထွန်းမှာမဟုတ်ဘူး၊လူထုစိန်ဝင်း က ရဲရဲတောက်ပြောကြားလိုက်တယ်
ဒီလိုနဲ့ ၂၀၁၀ ဆိုတာကြီး ချဉ်းနင်းဝင်ရောက်လာခဲ့ပေါ့
တကယ်တမ်းတော့
၂၀၁၀ ဆိုတာ ဂဏာန်းအက္ခရာစဉ်တွေပါ
၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ဖို့
တချို့သူတွေက
နည်းလမ်းပေါင်းစုံနဲ့စဉ်းစားပြင်ဆင်ကြတယ်
၂၀၁၀ ရွေးကောက်ပွဲကို အခွင့်အရေးတရပ်အဖြစ်ရယူဖို့
တချို့သူတွေက
မှတပါးအခြားမရှိပြီ ပုံစံနဲ့စဉ်းစားချဉ်းကပ်ကြတယ်
စစ်အာဏာရှင် သားသတ်မျက်နှာဖုံးကို ကျော်ပြီး
၂၀၁၀ ရွေးကောက်ပွဲကို အမျိုးမျိုးအဖုံဖုံ ဋီကာချဲ့နေကြရင်တော့
စစ်ဖိနပ်အောက်မှာပြားပြားမှောက်ပြီး
ပြည်သူတွေစားနပ်ရိက္ခာ အိုးအိမ်စည်းစိမ် ပျောက်နေအုံးမှာပဲ
ဂဏန်းအက္ခရာစဉ်တွေ ဋီကာချဲ့နေရင်ကြာမယ်
ကဲ ရဲဘော် …
မပြည့်စုံတဲ့ ချပ်ဝတ်တန်ဆာကို အသာဆင်းမြန်း
၂၀၁၀ ရွေးကောက်ပွဲစခန်းကို ပရိယာယ်ချယ် အားစမ်း
ဘုံရန်သူ စစ်သရမ်းတွေကို အမိဖမ်း
ငရဲဘုံ အ၀ီစိနန်းဆီအမြန်ရောက်ဖို့
ဗိန်းမောင်းတီးပြီး
ပို့လိုက်ကြစို့။
ဖိုမ်ငါမ် (လက်ဖက်မြေ)
၅ ရက် ဇန်န၀ါရီလ ၂၀၁၀ ခုနှစ်
၀၀း၂၇ နာရီ
တနင်္လာနေ့
0 comments:
Post a Comment