အိပ်မက်တွေ ငါမက်ခဲ့ဖူးတယ်
ဘ၀ပွင့်ဖူး မြင့်မားဖို့ ...
အိပ်မက်ပေါင်းများစွာ ငါပြောင်းလဲ မက်ခဲ့တယ်
ဘ၀အဖြစ်ပေါ် တိုးတက်ပြောင်းလဲဖို့ ...
ငါ့ရဲ့အိပ်မက်ဟာ မာတင်လူတာကင်း ရဲ့အိပ်မက် ...
မာသာထရီစာရဲ့ အိပ်မက် ...
ဗိုလ်ချုပ်အောင်ဆန်း အိပ်မက် ...
ပြောက်ကျားကဝေ ချေဂွေဗားရားရဲ့ အိပ်မက် ...
အဲသလို မြင့်မြတ်တဲ့ အိပ်မက်ထက်တော့ မလျော့ဘူး။
တအာင်းပြည်ရဖို့ ငါအိပ်မက်တယ် ...
တအာင်းပြည်မှာ လူမျိုးစုံ တန်းတူချမ်းမြေ့ဖို့ ငါအိပ်မက်တယ် ...
တအာင်းပြည်မှာ ဒီမိုကရေစီ ဖူးပွင့်ဖို့ ငါအိပ်မက်တယ် ...
တအာင်းပြည် မှာ ပညာရေးမြင့်မားဖို့ ...
တအာင်းပြည်မှာ ကျန်းမာရေး ကောင်းမွန်ဖို့ ...
တအာင်းပြည်မှာ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ ငါအိပ်မက် မက်တယ်။
ပြီးတော့ လက်တွေ့ တဆင့်ချင်း အကောင်ထည်ဖော်တယ်။
ပြီးတော့ အိပ်မက်တွေ ဆက်မက်မယ်...
ဓီဒွည် ဖိုမ်ငါမ် (ကုင်ဆိုရ်မျံမ်)
၁၄-၃-၂၀၁၂
နံနက် ၁ နာရီ ၅၀ မိနစ်
0 comments:
Post a Comment