Saturday, April 27, 2013

အမျိုးသားရေးအတွက် တခဏတာ


အမျိုးသားရေးအတွက် တခဏတာ

တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက်
လက်နက်ကိုင်တော်လှန်ရေး တခဏတာလေးလာရောက်ကူညီပါလို့
ဗိုလ်မှူးကပြောလို့ ကျနော်လိုက်လာရတာ…


ချမ်းအေးတဲ့ညတွေကို
ခြုံစောင်မဲ့ ငှက်ပျောဖက်ခြောက်မွေ့ယာနဲ့
အိပ်မရတဲ့ညပေါင်းတွေဟာ မရေတွက်နိုင်တော့ပြီ ဗိုလ်မှူး…

ခွဲ(၁)က ဟောဟိုတောင်ကုန်း
ခွဲ(၂)က ချောင်းဒီဘက်ကမ်း
ခွဲ(၃)က ချောင်းဟိုဘက်ကမ်း
ရင်းချုပ်အစုက ဒီတောင်ကုန်းတဖက်ခြမ်း
ရိက္ခာထုတ်ပါဆိုတဲ့ ဗိုလ်မှူးအမိန့် …

အနီသားငှက်ပျောဖူး
အဖြူသားငှက်ပျောအူ ဒီရိက္ခာထပ်တာများလို့
ဝမ်းချုပ်ဝမ်းအူနေပြီ ဗိုလ်မှူး …

ဗိုလ်မှူး ခေါ်တုန်းကတော့ တခဏ ကာလတဲ့
ခုတော့ တလပြီးတလ
ကျနော်ဘယ်တော့အိမ်ပြန်ရမလဲ ဗိုလ်မှူး
ရှစ်ဆယ်ကျော်အမေအိုတယောက် သားပျောက်ကို မျှော်နေတော့မယ်… ဗိုလ်မှူး …

ရဲဘော် …
ဗိုလ်မှူးလည်း ခဏတာလေး တော်လှန်ရေးဆိုပြီး
ခုတော့ ဆယ်စုနှစ်ထပ်ခါကျော်
သားမျှော်တဲ့ အမေအိုတောင် ဗိုလ်မှူးကို မမှတ်မိတော့ပြီ…

ဖိုမ်ငါ(ကုင်ဆီုရ်မျံမ်)
၁၉-၀၃-၂၀၁၂ (တနင်္လာနေ့)
၀၄း၁၉ နာရီ

0 comments:

Post a Comment