Saturday, April 27, 2013

သောကတပွေ့နဲ့ လွေးပျိုငယ်




တောကြီးမျက်မည်း တကိုယ်တည်း
ဘယ်ကလာလို့ ဘယ်ကိုသွားမလဲ သမီးငယ်…
ဝမ်းတထွာဘဝမော တောင်ယာတောကပြန်လာတယ်
မျက်လုံးလေးကလယ်ကလယ် မိုးတွေရွာတော့မယ်။


အဖော်မပါ တကိုယ်တည်း သမီးငယ်…
အဖေ ဘယ်မလဲကွယ်…
မြန်မာစစ်သားတွေ ရွာမှာရှုပ်လို့ တိုက်ထုတ်ပစ်ဖို့ အဖေစစ်သား သွားလုပ်တယ်။

ဍရင်ကောက် စလွယ်အိတ်တဝက် ဟင်းသီးဟင်းရွက်နဲ့သမီးငယ်…
မွေးမေမေကော ဘယ်မလဲကွယ်…
အမေ… အမေ… သေတာနှစ်လည် သမီးလေးမျက်နှာငယ်
အိမ်ကိုအမီပြန် မောင်လေးကို ထမင်းချက်ကျွေးရအုံးမယ်။

အိုး… ကိုးနှစ်အရွယ် လွေးပျိုငယ် …
တို့လည်း ကျောပိုးအိတ်ဌာနချုပ် မိုးမချုပ်ခင်
ရည်မှန်းချက်ခရီးအရောက် လမ်းဆက်လျှောက်အုံးမယ်။

ဖိုမ်ငါ(ကုင်ဆီုရ်မျံမ်)
၆-၀၄-၂၀၁၂
၁၆း၅၅ နာရီ

0 comments:

Post a Comment