Friday, September 26, 2014

မူဆယ်မြို့အနီးတွင် TNLA တပ်မတော်မှ ဘိန်းရောင်းဝယ်ဖြန့်ချှိနေသူများကို ဖမ်းဆီးအရေးယူ


၂၃ ရက် စက်တင်ဘာလ ၂၀၁၄ ခု

စက်တင်ဘာလ ၁၅ ရက် ညပိုင်း ၉ နာရီကျော်ချိန်တွင် မူဆယ်မြို့နယ်အနီးရှိ နောင်လောင်အုပ်စု၊ နမ့်စန့်ရွာတွင် ဘိန်းရောင်းနေသည့် အသက် (၄၅)နှစ် တရုတ်လူမျိုး ဦးအာဖောက်အား သူနေ့စဉ်ဘိန်းရောင်းနေသည့် နမ့်စန့်ရွာ (ဂိုတောင်)တွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့သည်။

ဦးအာဖောက်သည် လွန်ခဲ့သည့်၂၀၁၃-ခုကတည်းက နမ့်စန့်ရွာတွင် ဘိန်းမဲ၊ ဘိန်းဖြူ၊ ယာမ စသည့်များကို လက်လီလက္ကားဖြန့်ချိနေသူဖြစ်ကြောင်း တိုင်ကြားချက်၊ စစ်ဆေးချက်အရ သိရသည်။

၎င်းနှင့်အတူ ဖမ်းဆီးမိသည့် သက်သေခံ ပစ္စည်းများမှာ ဘိန်းဖြူ ၂ ပုလင်း၊ WY တံဆိပ် ယာမ ဆေးပြား ၁ ထုပ်၊ ယာမရှူပိုက် ၁ ထုပ်နှင့် ဘိန်းဖြူယာမရှူရာတွင် အသုံးပြုသည့် ခဲစက္ကူ ၁ လိပ်တို့ကို ဖမ်းဆီးအရေးယူခဲ့သည်။

ဦးအာဖောက်သည် ရွာတွင် နေ့စဉ် အနည်းဆုံးရောင်းကြေး ၅ သိန်းကျော်ဖြင့် ပုံမှန်ရောင်းနေသူဖြစ်ပြီး သက်ဆိုင်ရာ ဒေသတာဝန်ရှိသူ ရဲအရာရှိ နှင့် စစ်တပ်တို့ကို လစဉ်ကြေး ၂ သိန်းကျပ် အခွန်ဆောင်ပြီး လွပ်လပ်စွာ ရောင်းချနေသူဖြစ်သည်။

တရားခံကိုယ်ရေးအကျဉ်း-
အမည်- ဦးအာဖောက်၊ လူမျိုး- တရုတ် ၊ နေရပ်- မူဆယ်မြို့နယ်၊ နောင်လောင်အုပ်စု၊ နမ့်စန့်ကျေးရွာ
သားသမီး- ၄ ဦး

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA


 

0 comments:

Post a Comment