Friday, September 26, 2014

တရုတ်နယ်စပ်နမ့်ခမ်း တွင် မြန်မာ့တပ်မတော်နှင့် TNLA တပ်မတော်တိုက်ပွဲဖြစ်

၂၁ ရက် စက်တင်ဘာလ ၂၀၁၄ ခုနှစ်

နမ့်ခမ်းမြို့နှင့် ၃ မိုင်ခန့်အကွာအဝေးတွင် TNLA တပ်မတော် တပ်ရင်း (၁၁၂)နှင့် မြန်မာ့တပ်မတော် တပ်မ (၈၈)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ မန်စပ်-အွယ်လောရွာအနီးဖြစ်ပြီး ယနေ့ ညနေပိုင်း ၃း၁၅ မှ ၃း၃၀ အထိ ၁၅ မိနစ် ကျော်ခန့်ဖြစ်ပွားခဲ့သည်။ TNLA တပ်မတော်ဘက်တွင် ထိခိုက်မှု မရှိပါ၊ မြန်မာ့တပ်မတော်ဘက်ထိခိုက်ကျဆုံး မှုမသိရသေးပါ။

မြန်မာ့တပ်မတော်သည် တိုက်ပွဲဖြစ်ပွားသည့်နေရာမှ ပြန်လည်ဆုတ်ခွာခြင်းမရှိသေးသည့်အတွက် ဆက်လက်ပြီး တိုက်ပွဲဖြစ်ပွားနိုင်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၀၉၇၇၇၂၊ ၀၆၉၂ ၆၂၂၄၈၅

0 comments:

Post a Comment