Friday, September 26, 2014

တအာင်းဒေသအတွင်း တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်

၆ ရက် စက်တင်ဘာလ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ မိုးမိတ်မြို့နယ်၊ လွယ်မောက်ကျေးရွာအနီးတွင် ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၁၄း၄၅ နာရီ အချိန်မှ ၁၅း၁၅ နာရီအချိန်ထိ တအာင်းတပ်မတော် တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၃၆၇) နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇)တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

တိုက်ပွဲတွင် တအာင်းတပ်မတော် ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။

တိုက်ပွဲ အသေးစိတ်သတင်းအား ဆက်လက် တင်ပြသွားပါမည်။
စက်တင်ဘာ ၆ ရက်တွင် ၁၄း၀၀ နာရီတွင် နမ့်ဆန်မြို့နယ်၌ တစ်ကြိမ်၊ ၁၄း၄၅နာရီချိန်တွင် မိုးမိတ်မြို့နယ်၌ တစ်ကြိမ် တစ်ရက်အတွင်း တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွါးခြင်း ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments:

Post a Comment