Friday, September 26, 2014

ကျောက်မဲမြို့နယ်တွင် TNLA တပ်မတော်နှင့် မြန်မာ့စစ်တပ်တို့ တိုက်ပွဲဖြစ်

၂၅ ရက် စက်တင်ဘာလ ၂၀၁၄ ခု

ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲ ပန်လောကျေးရွာအနီးတွင် TNLA တအန်းတပ်မတော် တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း ၅၂၇ နှင့် တပ်ရင်း ၇၁၇ ပူးပေါင်းတပ်တို့သည် မြန်မာ့တပ်မတော် တပ်မ ၇၇ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ညနေပိုင်း ၂း၃၀ မှ ၃း၀၀ အထိ မိနစ် ၃၀ ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက် ငြိမ်သက်သွားခဲ့သည်။

မြန်မာစစ်တပ်တို့မှာ ခူန်ခါကျေးရွာတွင် အခြေစိုက်ထားသည့် တပ်မ ၇၇ ဖြစ်ပြီး ၄င်းတို့မှ TNLA တပ်မတော် ယာယီ အခြေချရာ ပန်လောရွာအနီးသို့ စစ်စခန်းသို့ မြန်မာ့တပ်မတော်မှ ဦးတည် လာနေစဉ် တအန်း တပ်မတော်ကြိုတင်ကာကွယ်သည့်အနေဖြင့် ဦးစွာပစ်ခတ်ခဲ့တာဖြစ်ကြောင်း အရှေ့တန်း စခန်းမှ အစီရင်ခံပါသည်။

တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှု အခြေအနေအသေးစိပ် မသိရသေးပါ၊ ဆက်လက်ပြီး တင်ပြသွားပါမည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၆၉၂ ၆၂၂၄၈၅

0 comments:

Post a Comment