Friday, August 1, 2014

၂၇ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ် တစ်ရက်အတွင်း တအာင်း တပ်မတော် နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွါး Update သတင်း

၂၈ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ မိုးမိတ်မြို့နယ်၊ ရေပုံးကျေးရွာနှင့် မိုးနွဲကျေးရွာကြား ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၁၇း၀၀ နာရီ အချိန်မှ ၁၈း၃၀ နာရီအချိန် အထိ တအာင်းတပ်မတော် တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၃၆၇) နှင့် မန်တုံအခြေစိုက် မြန်မာ့တပ်မတော် ခလရ(၁၃၀)တို့ တိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ (၃) ဦးကျဆုံးပြီး (၇)ဦး ဒဏ်ရာရရှိသည်။ တအာင်းတပ်မတော် ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၀၉၇၇၇၂၊ ၀၆၉၂ ၆၂၂၄၈၅၈

0 comments:

Post a Comment