Friday, August 1, 2014

ကွတ်ခိုင်မြို့နယ်၌ တအာင်း တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

၁ ရက် သြဂုတ်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ ကွတ်ခိုင်မြို့နယ်၊ လုံကမ်ရွာဟောင်းကျေးရွာအနီးတွင် ယနေ့ သြဂုတ်လ ၁ ရက်နေ့ ညနေ ၁၃း၃၀ နာရီ အချိန်မှ ၁၃း၅၀နာရီအချိန်ထိ တအာင်းတပ်မတော် တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း(၁၀၁)၊ KIA ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာ့တပ်မတော် ခလရ(၄၅) တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

တိုက်ပွဲတွင် တအာင်းတပ်မတော် ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်မှ ထိခိုင်ကျဆုံးမှုမသိရှိရသေပါ။
တိုက်ပွဲနောက်ဆက်တွဲသတင်းအားဆက်လက်တင်ပြသွားပါမည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၀၉၇၇၇၂၊ ၀၆၉၂ ၆၂၂၄၈၅၈

0 comments:

Post a Comment