Friday, September 26, 2014

ကျောက်မဲမြို့နယ်၌ တအာင်း တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

၃ ရက် သြဂုတ်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ ကျောက်မဲမြို့နယ်၊ ပါလိုင်ကျေးရွာအုပ်စု၊ ပန်ကျရော့ကျေးရွာနှင့် မင်းကုန်းကျေးရွာကြားတွင် ယနေ့ သြဂုတ်လ ၃ ရက်နေ့ နံနက် ၀၈း၅၅ နာရီ အချိန်မှ ၀၉း၁၅နာရီအချိန်ထိ တအာင်းတပ်မတော် တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၅၂၇)၊ နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈) တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

တိုက်ပွဲတွင် တအာင်းတပ်မတော် ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်မှ ထိခိုင်ကျဆုံးမှုမသိရှိရသေပါ။
တိုက်ပွဲနောက်ဆက်တွဲသတင်းအားဆက်လက်တင်ပြသွားပါမည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၀၉၇၇၇၂၊ ၀၆၉၂ ၆၂၂၄၈၅

0 comments:

Post a Comment