Friday, August 1, 2014

တစ်ရက်အတွင်း တအာင်း တပ်မတော် နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွါး

၂၇ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ မိုးမိတ်မြို့နယ်၊ ရေပုံးကျေးရွာနှင့် မိုးနွဲကျေးရွာကြားတွင် ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၁၇း၀၀ နာရီအချိန်မှ ၁၈း၃၀ နာရီအချိန် အထိ တအာင်းတပ်မတော် တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၃၆၇) နှင့် မန်တုံအခြေစိုက် မြန်မာ့တပ်မတော် ခလရ(၁၃၀)တို့ နှစ်ဘက် အပြင်းအထန်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

တိုက်ပွဲတွင် တအာင်းတပ်မတော် ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု မသိရှိ ရသေးပါ။ တိုက်ပွဲ နောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြသွားပါမည်။

တအာင်းတပ်မတော်မှ တအာင်းဒေသအတွင်း နယ်မြေစိုးမိုးရေး၊ မူးယစ်ဆေးဝါးနှိမ်နှင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေစဉ် မြန်မာ့တပ်မတော်မှ လိုက်လံတိုက်ခိုက် နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွါး ရခြင်း ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၀၉၇၇၇၂၊ ၀၆၉၂ ၆၂၂၄၈၅

0 comments:

Post a Comment