Friday, July 25, 2014

PSLF/TNLA တပ်မတော်မှ ချိတ်ဆွဲထားသော မူးယစ်ဆေးဝါး တားဆီး ပညာပေး ဆိုင်းဘုတ်အား ပန်းဆေးပြည်သူ့စစ်အဖွဲ့မှ ဖြုတ်ချဖျက်ဆီး

၂၄ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ မန်စပ်ရွာ ရွာလယ် ဇရပ်တွင် PSLF/TNLA တပ်မတော်မှ ချိတ်ဆွဲထားသော မူးယစ်ဆေးဝါး တားဆီး ပညာပေး ဆိုင်းဘုတ်အား ပန်းဆေးပြည်သူ့စစ်အဖွဲ့မှ ဇူလိုင်လ ၂၃ ရက်နေ့ နေ့လယ်ခင်းတွင် ၀င်ရောက် ဖြုတ်ချဖျက်ဆီး ခဲ့သည်။

အဆိုပါ ပန်းဆေးပြည်သူ့စစ် အဖွဲ့သည် ယခုလက်ရှိ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့် ခေါင်းဆောင် သော အဖွဲ့ဖြစ်သည်။ တအာင်းဒေသနှင့် မြန်မာနိုင်ငံ တစ်လွှား သို့ ဖြန့်ဖြူးရောင်းချနေသော မူးယစ်ဆေးဝါး ဘိန်းဖြူ၊ ဘိန်းမဲ၊ ယာမဆေးပြား များသည် ၄င်းပြည်သူ့စစ်အဖွဲ့မှ အများဆုံး ထုတ်လုပ်ဖြန့်ဖြူးသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၀၉၇၇၇၂၊ ၀၆၉၂ ၆၂၂၄၈၅၈

0 comments:

Post a Comment