Friday, July 25, 2014

နမ့်ခမ်းမြို့ မန်တပ်အခြေစိုက် မြန်မာ့တပ်မတော် ခလရ(၁၄၄) ရွာသား (၃)ဦးအား ဖမ်းဆီးခေါ်ဆောင်သွား

၂၄ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ မန်တပ် အခြေစိုက် မြန်မာ့တပ်မတော် ခလရ(၁၄၄) တပ်ရင်းသည် ဇူလိုင်လ ၂၂ ရက်နေ့ ညပိုင်းတွင် လယ်ယာထွန်ယက် လုပ်ကိုင်နေသော မန်ပူးရွာသား ဦးအညမ်းမွမ်း (၅၅)နှစ်၊ စယ်ကင်းရွာသား ဦးငိုကော (၅၂)နှစ်၊ အညမ်းကွီး (၂၀) နှစ် (၃)ဦးတို့အား ၄င်းတို့ လယ်တောသို့ သွားရောက်စဉ် လမ်းခရီး၌ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

အဆိုပါဖမ်းဆီးခေါ်ဆောင်သွားသော အရပ်သား(၃)ဦးအား ယနေ့အထိ ပြန်မလွတ်သေးဘဲ နေအိမ်မိသားစုနှင့် လည်း အဆက်အသွယ် ပြတ်တောက်လျှက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၀၉၇၇၇၂၊ ၀၆၉၂ ၆၂၂၄၈၅၈

0 comments:

Post a Comment