Friday, July 25, 2014

ပြည်သူ့ဘ၀လုံခြုံရေးကို ကာကွယ်ပေးသည်ဆိုသည့် မြန်မာ့တပ်မတော်မှ လက်နက်တပ်ဆင် ပေးသည့် ပြည်သူ့စစ် အဖွဲ့မှ နမ့်ခမ်းမြို့တွင် အပြစ်မဲ့ပြည်သူ တစ်ဦး အား ပစ်သတ်


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နောင်စန့်ရပ်ကွက်၌ ဇူလိုင်လ ၂၃ ရက်နေ့ ည ၂၀း၂၅ နာရီ အချိန်ခန့်တွင် နမ့်ခမ်းမြို့၊ ပေါက်လုံရပ်ကွက်နေ၊ စိုင်းနွမ်ခေး(ခ)စိုင်းပေါင်းပေါင်း နှင့် စိုင်းဆိုင်မိန်း တို့နှစ်ဦးသည် နမ့်ခမ်းဆေးရုံတွင် ဆေးရုံတက်နေသော ၄င်းတို့၏ သူငယ်ချင်းအား သွားရောက်ကြည့်ရှုရန် နေအိမ်မှ ဆေရုံသို့ ဆိုင်ကယ်ဖြင့် ထွက်ခဲ့သည်။
မူဆယ်-နမ့်ခမ်း ပြည်ထောင်စု လမ်းမပေါ်၊ နမ့်ခမ်း ပြည်သူ့ဆေးရုံကုန်းအတက်၊ နှင်းပုလဲဘော်ဒါဆောင်ရှေ့ အရောက်တွင် နမ့်ခမ်းမြို့၊ မြို့မပြည်သူ့စစ်နှင့် ပန်းဆေးပြည်သူ့စစ် ပူးပေါင်းအဖွဲ့မှ ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးနေစဉ် ပန်ဆေးပြည်သူ့စစ် အဖွဲ့မှ သျင့်ကြည် ဆိုသူသည် စိုင်းနွမ်ခေး(ခ)စိုင်းပေါင်းပေါင်း (ဘ)စိုင်းစိုးဝင်း အသက်(၂၄)နှစ်၊ ရှမ်းလူမျိုး အားသေနတ်ဖြင့် ပစ်ခတ်ရာ ၄င်း ၏ နဖူးတည့်တည့်ထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။

သတင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာ့စစ်တပ်မှ သေဆုံးသူမှာ သေနတ်ပါသဖြင့် ထိုနေရာတွင် ၄င်းတို့၏ သေနတ် ပြုတ်ကျ၍ ထွက်ပြေးသောကြောင့် မြန်မာစစ်တပ်မှပစ်ခတ်သည်ဟု ပြောကြားရန် လုပ်ကြံ သတင်းဖန်တီးခဲ့သည်။

အမှန်မှာ ၄င်တို့နှစ်ဦးမှာ နမ့်ခမ်းမြို့၌ နေထိုင်သော အရပ်သားသာ ဖြစ်သည်ကို နမ့်ခမ်းမြို့နေသူ အားလုံး အသိပင်ဖြစ်ပါသည်။

၎င်းတို့၏ သေနတ် ပြုတ်ကျ၍ ထွက်ပြေးသည် ဆိုခြင်းလည်း မဟုတ်မှန်ကြောင်း မျက်မြင် ပြည်သူများထံမှ သိရှိရပါသည်။

သေဆုံးသူ စိုင်းနွမ်းခေး(ခ) စိုင်းပေါင်းပေါင်း နမ့်ခမ်းဆေးရုံ ရင်ခွဲရုံတွင် ခွဲစိတ်စစ်ဆေးနေပုံ

0 comments:

Post a Comment