Friday, July 18, 2014

တအာင်းတပ်မတော်(TNLA)၊ KIA၊ MNDAA(ကိုးကန့်တပ်မတော်) ပူးပေါင်း အဖွဲ့ မြန်မာ့တပ်မတော် (မုံးယ) တပ်စခန်း ၀င်ရောက်တိုက်ခိုက်

၂၄ ရက် ဇွန်လ ၂၀၁၄ ခုနှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲ၊ မုံးယကျေးရွာအုပ်စု ယနေ့ ဇွန်လ ၂၄ ရက် နံနက် (၀၄း၃၀) မှ (၀၆း၀၀) နာရီထိ တစ်နာရီခွဲကြာ တအာင်းတပ်မတော်(TNLA) ၊ KIA တပ်ရင်း၊ MNDAA(ကိုးကန့်တပ်မတော်)တို့ ပူးပေါင်းတပ်ဖွဲ့သည် မုံးယကျေးအနီးရှိ မြန်မာ့တပ်မတော် တပ်စခန်အား ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲတွင် တအာင်းတပ်မတော်(TNLA) ၊ KIA ၊ MNDAA(ကိုးကန့်တပ်မတော်)တို့ ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲသတင်းအားဆက်လက်တင်ပြသွားပါမည်။

ကွတ်ခိုင်မြို့နယ် အတွင်းတွင် လှုပ်ရှားနေသော တအာင်းတပ်မတော်(TNLA) ၊ KIA ၊ MNDAA(ကိုးကန့်တပ်မတော်) ပူးပေါင်းတပ်ဖွဲ့တို့အား မြန်မာ့တပ်မတော်မှ လိုက်လံတိုက်ခိုက်ခြင်း၊ လမ်းကြောင်းလိုက်လံပိတ်ဆို့မှု ပြုလုပ်နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွား ရခြင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA

၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

0 comments:

Post a Comment