Friday, July 18, 2014

ဆိုင်လိန်ရာသား တစ်ဦးအား မြန်မာ့တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင် ယနေ့ထိ ပျောက်ဆုံးနေ

၂၄ ရက် ဇွန်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ မိုးကုတ်မြို့နယ်၊ ဆိုင်လိန်ကျေးရွာ၌ ဇွန်လ(၁၇) ရင်နေ့တွင် ဆိုင်လိန်ကျေးရွာနေ၊ ဦးထွန်းလှ (ဘ) ဦးအိုက်ဆမ်၊ (မိ) ဒေါ်အီခမ်း၊ အသက် (၄၈)နှစ် အား မြန်မာ့တပ်မတော် မန္တလေး အခြေစိုက်တပ် ခလရ(၉၅)မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ယနေ့ထိ ဦးထွန်းလှသည် ၄င်း၏ မိသားစုနှင့် ဆက်သွယ်မှုမရဘဲ ပျောက်ဆုံး လျှက်ရှိသည်။


အဆိုပါ ဦးထွန်းလှအား တအာင်းတပ်မတော်(PSLF/TNLA) အုပ်ချုပ်ရေးအဖွဲ့မှ တိုက်နယ်မှူးဟု စွပ်စွဲဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟုလည်း ဒေသခံများထံမှ မေးမြန်းသိရှိရသည်။


သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

0 comments:

Post a Comment