Monday, June 16, 2014

မိုးမိတ်မြို့နယ်တွင်း TNLA နှင့် မြန်မာ့တပ်မတော်တိုက်ပွဲဖြစ်ပွား

၁၄ ရက် ဇွန်လ ၂၀၁၄
မိုးမိတ်မြို့နယ် ပန်စကျေး(ပင်ရှာစေး)ရွာတွင် ယနေ့ ဇွန်လ ၁၄ ရက်နေ့ ၁၅း၄၅ မှ ၁၆း၃၀နာရီအထိ နာရီဝက်ကျော်ကြာတအာင်းတပ်မတော် တပ်ရင်းအမှတ် (၇၁၇) နှင့်မြန်မာ့တပ်မတော်တို့တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။

တအာင်းတပ်မတော် တပ်ရင်းအမှတ် (၇၁၇)မှ ပန်စကျေး(ပင်ရှာစေး)ရွာအနီးတွင်
လှုပ်ရှားနေစဉ်အတွင်း မြန်မာ့တပ်မတော်မှ ဦးစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်
တိုက်ပွဲဖြစ်ပွားဖြစ်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင်နှစ်ဘက် ထိခိုက် ကျဆုံးမှုမသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲအခြေအနေအသေးစိတ်အား ဆက်လက်တင်ပြသွားပါမည်။

PSLF/TNLA
သတင်းနှင့်ပြန်ကြားရေးဌာန

0 comments:

Post a Comment