Monday, June 16, 2014

တအာင်းတပ်မတော်(TNLA)၊ KIA၊ MNDAA(ကိုးကန့်တပ်မတော်)နှင့် မြန်မာ့တပ်မတော်တိုက်ပွဲဖြစ်ပွါး

၁၃ ရက် ဇွန်လ ၂၀၁၄ ခုနှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မန်ဖျက်အုပ်စု၊ မန်ဟောန်ကျေးရွာအနီးတွင် ယနေ့ ဇွန်လ ၁၃ ရက် နံနက် (၀၇း၁၅) မှ (၀၈း၂၀) နာရီထိ တစ်နာရီကျော်ကြာ တအာင်းတပ်မတော်(TNLA) တပ်ရင်း (၃၃၅)၊ KIA တပ်ရင်း(၃၈)၊ MNDAA(ကိုးကန့်တပ်မတော်)တပ်ရင်း(၁၇) ပူးပေါင်းတပ်ဖွဲ့  နှင့် မြန်မာ့ တပ်မတော် တာမိုးညဲအခြေစိုက် ခလရ (၂၉၀) ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့သည်။
တိုက်ပွဲတွင် တအာင်းတပ်မတော်(TNLA) ၊ KIA ၊ MNDAA(ကိုးကန့်တပ်မတော်)တို့ ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ (၁)ဦး ကျဆုံးပြီး (၂) ဦး ဒဏ်ရာရရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

0 comments:

Post a Comment