Thursday, June 5, 2014

တာမိုးညဲတိုက်ပွဲ နောက်ဆက်တွဲသတင်း

တအာင်းဒေသ ကွတ်ခိုင်မြို့နယ်၊ တားမိုးညဲမြို့နယ်ခွဲ ကားလမ်းမပေါ်တွင် တအာင်းတပ်မတော်-TNLA၊ ဗျူဟာ အမှတ်(၅) ကွက်ကဲမှုအောက် ၊ တပ်ရင်း (၃၃၅) အမှတ်(၃)တပ်ခွဲမှ နယ်မြေစိုးမိုးရေးဆောင်ရွတ်နေစဉ်၊

တားမိုးညဲ မော်ဟန်ကျေးရွာကြားတွင် မြန်မာ့တပ်မတော် တပ်မ ၈၈၊ လက်အောက်ခံတပ်ရင်း နှင့် ဇွန်လ ၄ ရက်နေ့ ၁၆း၀၀ ချိန် တိုက်ပွဲဖြစ်ပွားခဲ့ ရာတွင် မြန်မာ တပ်မ ၈၈ မှ တပ်ရင်းမှူးအပါအ၀င် ၃ ဦးကျဆုံး
တပ်မ ၈၈ လက်အောက်ခံတပ်ရင်း နံပါတ်စီစစ်ဆဲဖြစ်ပြီး ကျဆုံးသည့်တပ်ရင်းမှူးမှာ ဒုဗိုလ်မှူးကြီး ကျော်ထင်အောင် ဖြစ်သည်ဟု သိရှိရပြီး အလောင်းကို မူဆယ်မြို့သို့ သယ်ဆောင်လာသည်ဟု သိရ..

တအာင်းတပ်ဖက်မှ ပစ်လိုက်သည့် RPG ကျည်မှာ တပ်ရင်းမှူးစီးလာသည့် ဖိုးဝီးကားခေါင်းကို တည့်တည့်ထိမှန်ရာ ခေါင်းခန်းတွင် စီးလာသည့် တပ်ရင်းမှူးအပါအ၀င် ယာဉ်မောင်းနှင့် တပ်ရင်းမှူး ပီအေမှာ ပွဲချင်းပြီး ကျဆုံးခဲ့သည်။

ကျဆုံးသွားသည့် မြန်မာ့တပ်ရင်းမှူးမှာ တပ်ရင်းမှူးတာဝန်ကို စတင်ထမ်းဆောင်သည်မှာ တစ်နှစ်ပင် မပြည့်သေးပဲ လပိုင်းသာရှိသေးကြောင်းသိရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments:

Post a Comment