၎
ရက် ဇွန်လ ၂၀၁၄ ခုနှစ်
တအာင်းဒေသ၊ ကွတ်ခိုင်မြို့နယ်၊
ကွတ်ခိုင်- တာမိုးညဲ မြို့နယ်ခွဲ ကားလမ်းမပေါ်တွင် တအာင်းတပ်မတော်(TNLA) ၊ဗျူဟာ အမှတ်(၅) ကွပ်ကဲမှုအောက်၊ တပ်ရင်း (၃၃၅) ၊ အမှတ်(၃) တပ်ခွဲမှ
နယ်မြေစိုးမိုးရေးဆောင်ရွက်စဉ်၊
တာမိုးညဲနှင့်
မော်ဟန်ကျေးရွာကြားတွင်
တာမိုးညဲအခြေစိုက်
မြန်မာ့တပ်မတော် ခလရ (၂၉၀)မှ ယနေ့ ဇွန်လ ၄ ရက်နေ့ ၁၆း၀၀ ချိန်တွင် တအာင်းတပ်မတော်အား အလစ်ဝင်ရောက်တိုက်ခိုက် ခဲ့ရာ (၁၅)မိနစ်ခန့် နှစ်ဘက်
အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး တအာင်းတပ်မတော်(T.N.L.A)မှ အနီးကပ်
လက်နက်ကြီး (RPG)
ဖြင့်ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ မြန်မာ့တပ်မတော် ခလရ (၂၉၀) မှ စီးနှင်းလာသည့် ဖိုးဝီး ကား တစီး ထိမှန်
ပျက်စီးသွားခဲ့ပါသည် ။
တိုက်ပွဲတွင် တအာင်းတပ်မတော်(T.N.L.A)မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိပါ။
မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ဒဏ်ရာ ရရှိမှု
မသိရှိရသေးပါ။ တိုက်ပွဲအသေးစိတ် အခြေအနေအား ဆက်လက်တင်ပြသွားပါမည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈
0 comments:
Post a Comment