Wednesday, April 23, 2014

TNLA ၂၅၆ တပ်ရင်း နှင့်မြန်မာတပ် ၅၀၅၊ ၅၀၆ စစ်ကြောင်း တိုက်ပွဲဆက် မြန်မာတပ် ၃ ဦးကျဆုံး

၁၀ ရက် ဖေဖော်ဝါရီလ ၂၀၁၄
ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၀၉း၀၀ နာရီအချိန်ခန့်တွင် တအန်းတပ်မတော် (၂၅၆) တပ်ရင်း ၏ လှုပ်ရှားတပ်ဖွဲ့နှင့် မြန်မာတပ် (၅၀၅၊ ၅၀၆) တို့ နမ့်ဆန်မြို့နယ် နမ့်ယန်းနှင့် ဟိုမိန်းရွာအကြား (မန်တုံ-နမ့်ဆန်ကားလမ်းမ) အနီးတွင် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာတပ်ဖွဲ့ဝင် အနဲဆုံး (၃) ဦးကျဆုံးပြီး၊ (၁) ဦးထိခိုက်ဒါဏ်ရာရရှိသွားသည်။
တအန်းတပ်မတော် ဗျူဟာ အမှတ်(၂) လက်အောက်ခံ တပ်ရင်း (၂၅၆) တပ်ဖွဲ့တချို့တို့သည် ဒေသလုံခြုံရေးအတွက် နယ်လှည့်လှုပ်ရှားနေစဉ် မြန်မာအစိုးရတပ်များနှင့် တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲမှာ ၀၉း၁၅ နာရီခန့်တွင်ပြီးဆုံးခဲ့ပြီး မိနစ်(၂၀)နီးပါးကြာတိုက်ပွဲတွင် နှစ်ဘက်တပ်ဖွဲ့တို့ အသီးသီးဆုတ်ခွာသွားသဖြင့် တိုက်ပွဲအဆုံးသတ်ခဲ့သည်။

တအန်းတပ်မတော်ဖက်မှ ထိခိုက်ဆုံးရှုံးမှုမရှိပါ။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments:

Post a Comment