၉ ရက် ဖေဖော်ဝါရီလ ၂၀၁၄
ယနေ့ ဖေဖော်ဝါရီလ ၉ ရက် နံနက် ၁၀း၀၀ နာရီအချိန်ခန့်တွင် တအန်းတပ်မတော် (၃၆၇) တပ်ရင်း ၏ လှုပ်ရှားတပ်ဖွဲ့နှင့် မြန်မာတပ် (၁၁၄) တို့ မန်တုံမြို့နယ် တာဘန်းတောင်ကုန်း (မန်တုံ-နမ္မတူကားလမ်းမ) အနီးတွင် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာ ခမရ (၁၁၄) မှ (၆) ဦးကျဆုံးပြီး၊ ယင်းတို့၏ M.A 1 သေနတ် (၄) လက်နှင့် ကျည်ဆံတရာခန့် သိမ်းဆည်းရမိခဲ့သည်။
တအန်းတပ်မတော် ဗျူဟာ အမှတ်(၃) လက်အောက်ခံ တပ်ရင်း (၃၆၇) တပ်ဖွဲ့တချို့တို့သည် ဒေသလုံခြုံရေးအတွက် နယ်လှည့်လှုပ်ရှားနေစဉ် မန်တုံ-နမ္မတူ ကားလမ်းမကို ဖြတ်ကျော်စဉ် မြန်မာအစိုးရတပ်များနှင့် တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲမှာ ၁၀း၃၅ နာရီခန့်တွင်ပြီးဆုံးခဲ့ပြီး နာရီဝက်နီးပါးကြာတိုက်ပွဲတွင် နှစ်ဘက်တပ်ဖွဲ့တို့ အသီးသီးဆုတ်ခွာသွားသဖြင့် တိုက်ပွဲအဆုံးသတ်ခဲ့သည်။
တအန်းတပ်မတော်ဖက်မှ ထိခိုက်ဆုံးရှုံးမှုမရှိပါ။
ထိုတိုက်ပွဲမဖြစ်ပွားမီ နံက်ခင်းပိုင်းတွင် တအန်းဒေသတွင်း မြန်မာထိုးစစ်တိုက်ပွဲအင်အားဖြည့်ရန် လားရှိုးမှ စစ်ယာဉ်တန်း ၁၀ စီးခန့် ဖြတ်သန်းသွားခဲ့သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
Wednesday, April 23, 2014
TNLA ၃၆၇ တပ်ရင်း နှင့်မြန်မာတပ် ၁၁၄ တိုက်ပွဲတွင် မြန်မာတပ် ၆ ဦးကျဆုံး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment