၂၇ ရက်နေ့ ဖေဖော်ဝါရီလ ၂၀၁၄ ခုနှစ် နံနက်
၁၀း၀၀ နာရီအချိန်ခန့်တွင် မြန်မာ့တပ်မတော် တပ်မ
(၇၇) သည်
ကျောက်မဲမြို့နယ် ပန်ဖျတ်ရွာသစ်မှ ပန်ဖျတ်ရွာအတွင်းသို့ ပစ်ခတ်လိုက်သော
လက်နက်ကြီးကြောင့် ပန်ဖျတ်ရွာ ကျေးရွာအတွင်းရေးမှူး
တာကျော်လူ (အသက် ၃၄ နှစ်) ကွယ်လွန်သွားသည်ကို သိရှိရသဖြင့် ကွယ်လွန်သွားသူ တာကျော်လူ ၏ မိသားစုနှင့်ထပ်တူထပ်မျှ မိမိတို့
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
P.S.L.F/T.N.L.A လည်း
ဝမ်းနည်းကျေကွဲရပါကြောင်း
ဤ
ဝမ်းနည်းကြောင်းသဝဏ်လွှာကို ပေးပို့လိုက်ပါသည်။
မြန်မာပြည်ငြိမ်းချမ်းရေး ကြိုးပမ်းတည်ဆောက်နေသည်၊ မြန်မာပြည်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင် နေသည် ဟု အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုနေသည့်အချိန်တွင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ရဟန်းသံဃာ တော်အရှင်သူမြတ်တို့အား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် မြန်မာ့တပ်မတော် တပ်မ (၇၇) အား တအာင်းဒေသသို့ စေလွှတ်ပြီး ယခုကဲ့သို့ အရပ်သားကျေးရွာများကိုဦးတည်ပြီး လက်နက်ကြီးများပစ်ခတ်ခြင်းသည် ယခင်စစ်ခေါင်းဆောင် များ ကျူးလွန်ခဲ့သည့်အတိုင်း ဂျနီဗာ သဘောတူညီချက်ပါ လူသားဖြစ်မှုကိုဆန်ကျင်သည့်ပြစ်မှု (Crime Against Humanity) အား ယခု ဦးသိန်းစိန်၏ အရပ်သားအစိုးရလည်း ဆက်လက် ကျူးလွန်ချိုးဖောက်နေခြင်းပင်ဖြစ်သည်။
ယခုကဲ့သို့
အပြစ်မဲ့တအာင်းလူမျိုးများအပေါ်
စစ်ရေးအရဆက်တိုက်ဖိအားပေး
ရက်စက်နေသည့် မြန်မာအစိုးရ နှင့် မြန်မာတပ်မတော်၏ ရန်ကို မိမိတို့ တအာင်းတမျိုးသားလုံး တော်လှန်ရေးသတိဖြင့် စုစည်းညီညွတ်စွာ ခုခံကာကွယ်
သွားရန်လိုအပ်ပြီး၊ မိမိတို့
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် P.S.L.F/T.N.L.A
အနေဖြင့်လည်း
တအာင်းပြည်သူလူထုနှင့် တအာင်းနယ်မြေဒေသများကို
စွမ်းစွမ်းတမံ ခုခံကာကွယ်သွားမည်ဟု ကတိပြုရင်း ဤ ဝမ်းနည်းကြောင်းသဝဏ်လွှာကို လေးစားစွာပေးပို့လိုက်ပါသည်။
တာကျော်လူ ကောင်းရာသုဂတိ လားပါစေ။
၂ဝ၁၄
ခုနှစ်
ဖေဖော်ဝါရီလ ၂၇ ရက်
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
P.S.L.F/T.N.L.A
0 comments:
Post a Comment