Thursday, April 24, 2014

နမ့်ခမ်းမြို့အနီး မန်အောင်ရွာနှင့်ဆာလူရွာကြားတွင် တအန်းနှင့် မြန်မာတပ် တိုက်ပွဲဖြစ်

၂၀ ဧပြီ ၂၀၁၄ ၁၉း၄၀နာရီ
ယခု ၂၀ ဧပြီလ ၂၀၁၄ ညနေ၁၈း၁၅ နာရီချိန်မှစတင်ပြီး တအာင်းတပ်မတော် တပ်ရင်း (၄၇၈) နှင့် စကခ(၁၆)လက်အောက်ခံ မြန်မာစစ်ကြောင်းတို့ တိုက်ပွဲစတင်ဖြစ်ပွားလျှက်ရှိသည်။
မန်အောင်၊ဖဒဲန်၊ ဆာလူ၊ ဆိုင်တောင် ရွာဘက်တွင် ခေတ္တလာရောက် လှည့်လည်နေသော တအာင်းတပ်မတော်အား မြန်မာစစ်ကြောင်းက လိုက်လံတိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွား ရခြင်းဖြစ်သည်။

မြန်မာစစ်ကြောင်းမှ ပစ်ခတ်သော လက်နက်ကြီးများ မန်အောင်ရွာအတွင်းသို့ ကျရောက်သဖြင့် လူနေအိမ် တလုံးထိခိုက်ပျက်စီးခဲ့သည်။ မန်အောင်နှင့် ဆာလူ ရွာသူရွာသားများမှာ စစ်ပွဲကြောင့် ကြောက်လှန့်ငိုယိုပြီး ရှောင်ပုန်းနေကြသည်။
တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားလျှက်ရှိပြီး တိုက်ပွဲဖြစ်စဉ် အသေးစိတ်အား ဆက်လက်တင်ပြသွားပါမည်။

ယနေ့နံနက်(၀၆း၃၀)နာရီချိန်ခန့်တွင်လည်း တပ်မ(၇၇)မှ မြန်မာစစ်ကြောင်း တကြောင်းသည် နမ့်ဆန်မြို့နယ် ခေးခင်ကျေးရွာအုပ်စု အိုမ်လော့ကျေးရွာ အတွင်းသို့လက်နက်ကြီး အလုံး(၃၀)ခန့် ပစ်ခတ်ခဲ့သည်။ ရွာတွင်းသို့ ကျရောက်ပြီး ရွာလည်ခေါင်လူနေအိမ် အနီးတွင် လက်နက်ကြီး များကျရောက်ပေါက်ကွဲခဲ့သည်။
သို့သော်လည်း ရွာသူရွာသားနှင့် လူနေအိမ်များကို ကံကောင်းထောက်မစွာဖြင့် မကျရောက်ဟုသိရှိရသည်။ ထိုဒေသတွင်တအန်းတပ်မတော်နှင့်ကချင်တပ်မတော်တပ်ဖွဲ့ဝင်များ လှုပ်ရှားသည်ဟု ထင်မြင်ယူဆပြီး လက်နက်ကြီး ပစ်သွင်းခြင်း ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

0 comments:

Post a Comment