Sunday, 26 January 2014/ Written by ရွှေဟင်္သာ သတင်းဌာန
အမှတ် (၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ
ရှမ်းပြည် နယ်မြောက်ပိုင်း၊ နမ့်လန်မြို့ အခြေစိုက် တပ်ရင်း (၅၀၆) မှ
စစ်ကြောင်း မှုး ဒုဗိုလ်မှူး ကြီး မျိုးဇော် လတ် သည် ယမာန် နေ့ ဇန္နာဝါရီ
(၂၅) ရက်နေ့ မနက် (၈း၃၀) နာရီ တွင် နမ့်ဆန်မြို့နယ် အနောက် ကင်းအုပ်စု
ဟိုလရွာ အနီး၌ တအာင်း လွတ်မြောက်ရေး တပ်မေ တာ် (TNLA) အမှတ် (၂၅၆)
တပ်ရင်းမှ တပ်ခွဲ (၃) စစ်ကြောင်းတို့နှင့် တိုက်ပွဲဖြစ်ရာ ကျဆုံး သွားခဲ့
ခြင်း ဖြစ်သည်ဟု မျက်မြင် ပေါ် တာ အထမ်း သမားများ ၏ ပြောပြချက် အရ သိရသည်ဟု
တအာင်း ပြန်ကြားအဖွဲ့ဝင် တဦးဖြစ်သည့် မိုင်းအိုက် ကျော်က ဆိုပါသည်။
“ စစ်ကြောင်း မှူး အပါဝင် (၅)ဦး ကျတယ် လို့ အဲဒီ စစ်ကြောင်း မှာရှိတဲ့
အထမ်း သမား တွေဆီက သိရတယ်လေ။ အဲဒီ စစ် ကြောင်း မှူးဟာ သိပ်ရက် စက်တယ်ဗျ။
လူတွေကို ရိုက်တယ်။ ဖမ်းတယ် အမျိုးမျိုး နှိပ်စက် နေတဲ့ စစ်ကြောင်း မှူး
ဘဲ။ တိုက်ပွဲကတော့ ဆက်ဖြစ်ဖို့ ရှိနေတယ်။ ကျနော်တို့ စစ်ကြောင်း ကလည်း
ဘိန်းစိုက်ခင်း တိုက်ဖျက်ရေး တွေ လုပ်နေလေ။ သူတို့ စစ်ကြောင်း ကလည်း
နောက်ကနေ လိုက်နေတယ် ဆိုတော့ ဖြစ်မှာဘဲ။” ဟု ဆိုပါသည်။
ယခုဖြစ်ပွားခဲ့သည့်တိုက်ပွဲသည် ခမရ (၅၀၆) တပ်များ ပန်စရီ ကျေးရွာ မှ
နမ့်ဆန်မြို့ဖက်သို့ အပြန် ခရီးတွင် ဟိုလ ကျေးရွာ ဖက် မှ ထွက်ခွာ လာ သည့်
(TNLA) တပ်ဖွဲ့နှင့် (၁၅) မိနစ်ခန့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း
ဖြစ်ပါသည်။ ထွက်ခွာလာ သော ခမရ (၅၀၆) စစ်ကြောင်း ကို အပေါ်စီး နေရာ ရယူပြီးမှ
စစ်ကြောင်း ၏ အဓိက ပစ်မှတ်နေရာကို ရွေးချယ် ပစ်ခတ်ခဲ့လိုက်သဖြင့်
စစ်ကြောင်းမှူး ကျသွားခြင်း ဖြစ်ပါသည်။
ခမရ(၅၀၆) သည်
စစ်ကြောင်းမှူး ကျသွား သဖြင့် တပ်ပျက်ကာ နမ့်ဆမ်မြို့ဖက်သို့
ချက်ချင်းနောက် ဆုတ်သွား သည် ဟု အထမ်းသမား တဦးက ဆိုကြောင်း။ (TNLA)
တပ်များ ကမူ တလှမ်းဆုတ် သည့် အနေဖြင့် နေရာကောင်း ယူပြီး ထပ်မံစောင့်
ပစ်ပြန်သော် လည်း ယနေ့ ဇန္နာဝါရီ (၂၆)ရက်နေ့ မနက် (၁၀) နာရီ အချိန်အထိ
တိုက်ပွဲ မဖြစ်ခဲ့ချေ။
ရှမ်းပြည်နယ် မြောက်ပိုင်း၊
ကျောက်မဲမြို့အခြေချ အမှတ်(၁) စကခတပ် များသည် ဇန္န၀ါရီလ (၁၂)ရက်နေ့တွင်
နမ့်ဆန်မြို့ နယ် ဟိုမိန်း ကျေးရွာ၌ ကျင်းပ ခဲ့သည့် ပလောင် တော်လှန်ရေးနေ့
နောက်ပိုင်း(TNLA) အားတိုးမြှင့်ပြီး စစ်ဆင် နေပါသည်။ တအန်း တပ်ဖွဲ့များ၏
အနီးပတ်ဝန်း ကျင်၌ အနီးကပ် လှုပ် ရှား နေပြီး ကျေးရွာ လူထုများ ၏
သွားလာရေး၊ ဆက်သွယ် ရေး၊ စီးပွားရေး များ ကို လိုက်လံ နှာင့်ယှက် ဖျက်ဆီး
ပိတ်ဆို့ နေသည်ဟု ဒေသခံ များက ဆိုပါ သည်။
အထူး သဖြင့်
နမ့်ဆန်မြို့ နယ် ဟိုမိန်း ကျေးရွာ တွင် တအာင်း အမျိုးသား တော်လှန်ရေး
နေ့ကျင်းပခဲ့ သဖြင့် ဟိုမိန်း ရွာသူရွာ သားများနှင့် မန်လုံး ကျေးရွာ
လူကြီးများ အားဖမ်းဆီး ရိုက်နှက်ခြင်း၊ ပေါ်တာ ထမ်း ခိုင်းခြင်းနှင့်
စစ်ရေးလှုပ် ရှား များ ခပ်စိပ်စိပ် ပြုလုပ်လာခဲ့ ပါသည်။
ဤကဲ့သို့
လူထု အပေါ် ရိုက်နှက်မှု မတရားပြု ကျင့်မှုကြောင့် နမ့်ဆန်မြို့ရှိ ကျောက်မဲ
အခြေစိုက် စကခ (၁)မှူးဖြစ် သည့် ဗိုလ်မှူးချုပ် အောင်ဇော်ဦး ကို ပြီးခဲ့
သည့် ဇန္နာဝါရီ (၂၃) ရက် နေ့ တွင်တာဝန်မှ ရုပ်သိမ်းပြီး ယင်းအစား ဗိုလ်
မှူးကြီး ဝင်းလွင် အား ယာယီ တာဝန်ပေး ထားကြောင်း ဆိုပါသည်။ အကြောင်း မှာ
ဗိုလ်မှူးချုပ် အောင်ဇော်ဦး သည် စစ်ဆင်ရေး အောင်မြင်မှု မရှိခြင်း ကြောင့်
နာမည် ပျက်နေရာ ကနေ ဒေသခံများ အပေါ် ရိုင်းစိုင်း လာခြင်း ဖြစ်သည် ဟု
ဒေသခံ များက ဆိုပါသည်။
ဤသည် အစိုးရ တပ်များ၏ အစဉ်အလာ လုပ်ရပ်ပင်
ဖြစ်ပါသည်။ လူထုအပေါ် ခပ်ကြမ်းကြမ်း ကိုင်တွယ် ခိုင်းပြီး နေ
ရာပြောင်းရွေ့လိုက်သည့် နည်းပင် ဖြစ်ပါ သည်။ (၈၈) အရေး အခင်းက တပ်မ(၂၂)မှူး
အပါဝင် ရွှေဝါရောင် တော်လှန် ရေး မှ တပ်မ (၇၇) မှူး တို့အား အထက်ပါ အတိုင်း
(စေတီပြီးက ငြမ်းဖျက်ကိန်း စနစ်) စီရင်ခဲ့ကြ ပါသည်။
(TNLA)
တပ်များ ကမူ နမ့်ဆန်၊ ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ် တောင်ပိုင်းတွင်
မူးရစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက် ကို ဆက်လက် အကောင်အ ထည် ဖေါ်နေ ပါသည်။
ယင်း စီမံချက် အတွက် TNLA စစ်ဗျူဟာ (၂) မှ တပ်ဖွဲ့များ ဆက် လက် လှုပ်ရှား
နေရာ အမှတ် (၂၅၆) တပ်ရင်းသည် ယင်းလှုပ်ရှား စစ် ဗျူဟာ၏ လုံခြုံရေး တာဝန်ယူ
ထားရသည့် တပ်ဖွဲ့ဖြစ်ပါ သည်။
http://www.burmese.phophtawnews.org/index.php/news/internal-news/item/1017-tnla.html
Saturday, January 25, 2014
TNLA တို့နှင့် ဖြစ်သော တိုက်ပွဲတွင် စစ်ကြောင်းမှုး ဒုဗိုလ်မှူးကြီး မျိုးဇော်လတ် ကျဆုံး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment