၂၅ ရက် ဇန်နဝါရီလ ၂၀၁၄ by PSLF/TNLA
ယနေ့ နံနက် ၈း၃၀ နာရီခန့်အချိန်တွင် မြန်မာတပ်ရင်း ၅၀၆ စစ်ကြောင်းနှင့် တအန်းတပ် ၂၅၆ တပ်ခွဲ (၃) စစ်ကြောင်းတို့ နမ့်ဆန်မြို့နယ် အနောက်ကင်းအုပ်စု ဟိုလရွာအနီးတွင် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် ဖြစ်ပွားခဲ့ကြရာ မြန်မာတပ် မှ စစ်ကြောင်းမှူး ဗိုလ်မှူး နှင့်တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့သည်။ ခမရ ၅၀၆ တပ်ရင်းမှူး မှာ ဒုဗိုလ်မှူးကြီးမျိုးဇော်လတ် ဖြစ်ပြီး စစ်ကြောင်းကို ကိုယ်တိုင်ဦးစီးကွပ်ကဲကာ ဒေသခံလူထုများအား ဖမ်းဆီးခြင်းရိုက်နှက်ခြင်းများကို ရက်စက်ကြမ်းကြုတ်စွာ ဆောင်ရွက်သူဖြစ်သည်။
ပန်စရီရွာမှ နမ့်ဆန်မြို့ဖက်သို့ မြန်မာစစ်ကြောင်း အပြန်စစ်ချီလာစဉ် ဟိုလရွာမှထွက်ခွာလာသည့် တအန်းတပ်ဖွဲ့နှင့်တွေ့ဆုံရာ တအန်းတပ်ဖွဲ့မှအပေါ်စီးနေရာရရှိပြီး ၁၅ မိနစ်ခန့် ပစ်ခတ်ခဲ့ကြပြီး တအန်းတပ်ဖက်မှ ပြောက်ကျားစံနစ်ဖြင့် အမြန်ပစ် အမြန်ဖျောက်ကာ တိုက်ပွဲအဆုံးသတ်ခဲ့သည်။
တအန်းတပ်တို့သည် နောက်တောင်ကုန်းတနေရာတွင်နေရာယူပြီး ဆက်လက်စောင့်ဆိုင်းခဲ့သော်လည်း မြန်မာတပ်မှ စစ်ကြောင်းမှူးကျဆုံးသဖြင့် တပ်ပျက်ကာ ထိုနေရာမှနောက်ကြောင်းပြန် ဆုတ်ခွာခဲ့ကြသည်။ ဆုတ်ခွာသွားသော မြန်မာစစ်ကြောင်းကို တအန်းတပ်မှ ထပ်မံလိုက်လံပစ်ခတ်ခြင်းမပြုခဲ့ချေ။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁ ၄၉၅
0 comments:
Post a Comment