------------------------------------------------------------
Tuesday, 15 October 2013 12:04
Written by ရွှေဟင်္သာသတင်းဌာန
အစိုးရ ခလရ (၁၄၅) တပ်ဖွဲ့၊ ခလရ (၁၂၃) တပ်ဖွဲ့နှင့် ပန်ဆေး ပြည်သူ့ စစ်များ ပူုးပေါင်း စစ်ကြောင်းသည် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်တော် (TNLA) ၏ အမှတ် (၁၁၂) တပ်ရင်း တပ်ဖွဲ့ များအား နှစ်ရက် ဆက်တိုက် လိုက်လံ တိုက်ခိုက် နေရာ ယနေ့ မနက် (၁၁) နာရီ ခွဲတွင် ကွတ်ခိုင် မြို့နယ် ကန်ပါဖို ရွာနှင့် နယ်မန်ကောင်ရွာ အကြားရှိ တောတန်း၌ ထပ်မံ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်က ဆိုပါသည်။
“လိုက်တိုက် နေမှတော့ မနေ့ ကလည်း နှစ်နေရာ ဖြစ်တယ်။ ဒီနေ့လည်း နှစ်နေရာ ထပ်ဖြစ်ပါတယ်။ ဒီနေ့ မှာတော့ မနက် (၁၁) ခွဲ မှာ သူတို့က လက်နက် ကြီးနဲ့ စပစ်ပြီး ငြိမ်လိုက်တယ်။ နောက် မွန်းလွဲ (၂) နာရီမှာ ပြန်လည် ဖြစ်ပွား ခဲ့တာ ညနေ ၃ နာရီခွဲ အထိ ပါဘဲ” ဟု ဆိုပါသည်။
နောက်ထပ် တပွဲသည် နမ့်ဆန် မြို့နယ် ပန်လုံရွာ အနီးတွင် ဖြစ်ပြီး၊ အစိုးရ ခမရ၅၀၄၊ ၅၀၅ စစ်ကြောင်း များကTNLA တပ်ရင်း ၂၅၆ တပ်ဖွဲ့အား လိုက်လံ တိုက်ခိုက်ရာ နာရီ ဝက်ခန့် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။ ဤသို့ကြောင့် မနေ့ ကတည်း ကပင် တိုက်ပွဲ ဖြစ်လာ ခဲ့သဖြင့် စုစုပေါင်း တိုက်ပွဲ (၄) ကြိမ်ခန့် ဖြစ်ခဲ့ပြီး ဖြစ်ပါသည်။
ယမာန်နေ့ အောက်တို ဘာလ (၁၄) ရက်နေ့၌ ဖြစ်ပွား ခဲ့သော တိုက်ပွဲသည် နမ့်ခမ်း မြို့နယ်ရှိ ဆိုင်းလိန်ရွာ အနီးတွင် နံနက် (၅) နာရီမှ (၆) နာရီအထိ တစ်နာရီကြာ ဖြစ်ပွား ခဲ့ပါသည်။ ၄င်း တိုက်ပွဲတွင် အင်အား ၁၀၀ ခန့် ရှိသော နမ့်စန်မြို့ အခြေစိုက် အစိုးရ ခမရ ၅၀၂ နှင့် ၅၀၃ တို့၏ ပူးပေါင်း စစ်ကြောင်းသည်TNLA တပ်ရင်း ၄၇၈ တပ်ဖွဲ့ တို့အား လိုက်လံ တိုက်ခိုက် ရာမှ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။
ထို့အတူ ယမာန် နေ့၌ပင် ကွတ်ခိုင် မြို့နယ် တွင်းရှိ ငေါ့ငါးကျေးရွာ အနီးတွင်လည်း အစိုးရ၏ ခလရ ၁၄၅၊ ၁၂၃ နှင့် ပန်းဆေး ကျော်မြင့် ပြည်သူ့စစ် တို့၏ ပူးပေါင်းစစ်ကြောင်းသည် TNLA မှ အမှတ် ၁၁၂ တပ်ဖွဲ့ တို့အား လိုက်လံ တိုက်ခိုက်ရာ ညနေ (၅) နာရီတွင် နာရီ ဝက်ခန့် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။ ဤကဲ့သို့ လိုက်လံ တိုက်ခိုက် နေမှု အခြေအနေ များကြောင့် တိုက်ပွဲ များသည် ယနေ့ မနက်ပိုင်း အထိ ဆက်လက် ဖြစ်ပွား လာခဲ့ခြင်း ဖြစ်ပါသည်။
TNLA သည် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့၏ နည်းပညာ အထောက် အကူပြု အဖွဲ့နှင့် ယမာန်နေ့ နံနက် (၈) နာရီတွင် တရုတ် နိုင်ငံ ရွှေလီ မြို့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ ဤကဲ့သို့ ဆွေးနွေး နေသော်လည်း TNLA အပေါ်တိုးပြီး စစ်ဆင် နေဆဲ ဖြစ်နေ ပါသည်။
ဤသို့ကြောင့် အစိုးရ၏ စစ်ရေး လှုပ်ရှားမှု များနှင့် စစ်ဆင် တိုက်ခိုက်မှု များသည် ပလောင် တို့အား အပစ်အခတ် ရပ်စဲ လာရန် အတွက် စစ်ရေး အရ ဖိအား ပေးနေ ခြင်းပင် ဖြစ်သည်ဟု ပလောင် အဖွဲ့မှ သုံးသပ် နေပါသည်။ ထိုကဲ့သို့ ပစ်ခတ် နေသော်လည်း လာမည့် နိုဝင်ဘာ ဒုတိယ အပတ်၌ ထပ်မံ တွေ့ဆုံရန် ယမာန်နေ့ ရွှေလီ ဆွေးနွေး ပွဲ၌ သဘောတူ ထားခဲ့ကြ ပါသည်။
Source-http://phophtawnews.org/burmese/index.php/news/internal-news/item/798-2013-10-15-12-11-55.html
Saturday, November 16, 2013
ပလောင် ဒေသ၌ ရက်ဆက် တိုက်ပွဲ ဖြစ်ပွား နေဆဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment