အစိုးရ ခလရ (၄၅) စစ်ကြောင်းသည် တအာင်း လွတ်မြောက်ရေး တပ်မတော် TNLA မှ
တပ်ရင်း (၁၁၂) တပ်ဖွဲ့အား လိုက်လံ တိုက်ခိုက် နေရာ ယနေ့ နေ့လည် ပိုင်းတွင်
ကွတ်ခိုင် မြို့နယ် ငေါ့ငါး ကျေးရွာ အနီး၌ တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွား
ခဲ့သည်ဟု အတွင်းရေးမှူး တာဘုန်းကျော်က ဆိုပါသည်။
“ကျနော်တို့
တပ်ဖွဲ့ ကိုတော့ တပ်ရင်းမှူး ပါခွန်ဆာက ဦးဆောင် ပါတယ်။ နေ့လည်၁၂ နာရီ
ခွဲမှာ ငေါ့ငါး ရွာထိပ်မှာ တကြိမ် မိနစ် ပိုင်းလောက် တိုက်ပွဲ ဖြစ်ခဲ့
ပြီးတော့ ရွာနဲ့ နီးနေတဲ့ အတွက် ကျနော်တို့ ရှောင်ပေး ခဲ့တယ်။ နေ့လည်
တနာရီ လောက်မှာ နမ်းဟွန်းချောင်း အရောက်မှာ စောင့်ပစ် လိုက်တော့ တိုက်ပွဲက
တနာရီခွဲလောက် ကြာသွားပါ တယ်” ဟု ဆိုပါသည်။
ထိခိုက် ကျဆုံးမှု
မသိရ သေးသော်လည်း အစိုးရ တပ်များသည် TNLA တပ်များအား နောက်ယောင်ခံ
တိုက်ခိုက်လျှက် ရှိပါသည်။ အစိုးရ တပ်များသည် TNLA တပ်ဖွဲ့၏ စခန်း အနီးတွင်
နေရာယူ ထားပြီး မကြာခဏ လက်နက် ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်လေ့ ရှိပါသည်။
တိုက်ခိုက်မှု များသည် အစိုးရ တပ်ဖွဲ့ များအပေါ် မူတည် သဖြင့် ဇူလိုင်
လကုန်ပိုင်း မူဆယ် ငြိမ်းချမ်းရေး ဆွေးနွေးမှု နောက်ပိုင်း ယခု တိုက်ပွဲ
အပါအဝင် သည် (၁၉) ကြိမ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပါသည်။
TNLA သည်
မူးယစ် ဆေးဝါး တိုက်ဖျက်ရေးကို ဆင်နွဲလျှက် ရှိရာ အစိုးရ ပြည်သူ့စစ် များ၏
လက်နက် များကို သိမ်းဆည်း ခြင်းနှင့် ဘိန်းချက် စခန်း များကို ၀င်ရောက်
တိုက်ခိုက် ခဲ့ခြင်းကြောင့် ၄င်းတို့အား လိုက်လံ တိုက်ခိုက် နေခြင်း
ဖြစ်သည်ဟု ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်က ယူဆ နေပါသည်။
ဤကဲ့သို့ အတိုက်ခံ နေရ သော်လည်း TNLA သည် အပစ်အခတ် ရပ်စဲရေး အတွက်
ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို ဆက်လက် ဆွေးနွေး သွားမည် ဖြစ်သည်။
တိုက်ခိုက်မှု များသည်လည်း အချိန်မရွေး ဖြစ်နိုင်ချေ ရှိနေ ပါသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၅) ရက်နေ့တွင် TNLA သည် အစိုးရ နည်းပညာ
အထောက်အကူပြု အဖွဲ့နှင့် တရုတ် နိုင်ငံ ရွှေလီမြို့တွင် ဒုတိယ အကြိမ် အလွတ်
သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး လာမည့် နိုဝင်ဘာ ဒုတိယ အပတ်၌ ထပ်မံ
တွေ့ဆုံရန် သဘောတူ ထားခဲ့ ကြပါသည်။
Source-http://phophtawnews.org/
Saturday, November 16, 2013
လျှော့ကျ သွားခြင်း မရှိ သေးသည့် အစိုးရ တိုက်ခိုက် မှုများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment