တအာင်း(ပလောင်)နယ်မြေဒေသအတွင်းမူးယစ်ဆေးဝါး ရောင်းဝယ်
ဖောက်ကာားခြင်းကြောင့် ဒေသအတွင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့များကို
ဝင်ရောက်တိုက်ခိုက်ကာ လက်နက်ဖြုတ်သိမ်းခြင်း ဖြစ်ကြောင်း
ပလောင်ပြည်လွတ်မြောက်တပ်ဦး (P.S.L.F/ T.N.L.A) မှ ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော် ကမြန်မာပို့စ် သို့ပြောသည်။
ယခု(၂၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာကမ္ဘာ့
ငြိမ်းချမ်းရေးနေ့တွင် မြန်မာငြိမ်းချမ်းရေး စင်တာ ၌ပြုလုပ်သာ အခမ်းနားတွင်
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ၀န်ကြီးဦးအောင်မင်းကပလောင်လက်နက်ကိုင်အဖွဲ့အနေဖြင့် ဒေသတွင်းရှိ
ပြည်သူ့စစ်စခန်းများအား လိုက်လံထိုးစစ်ဆင်၍လက်နက်များသိမ်းယူသွားသည်ဟု
ပြောဆိုခြင်းအပေါ် ပြန်လည်တုန့်ပြန်ပြောဆိုခြင်း ဖြစ်သည်။
‘
ပြည်သူ့စစ်တပ်ဖွဲ့တွေက လက်နက်တွေကို ကျွန်တော်တို့သိမ်းပါတယ်။
ဘာလို့သိမ်းလဲဆိုရင် ပြည်သူ့စ်တွေက ဒေသတွင်းမှာ မူးယစ်ဆေးဝါး
ရောင်းဝယ်ထုတ်လုပ်တယ်။ ပြီးတော့ ဘိန်းတွေလာ စိုက်တဲ့ပြည်သူ့ စစ်တွေဖြစ်တယ်။
အဲ့ဒါကြောင့် ကျွန်တော်တို့ လက်နက်တွေဖြုတ်သိမ်းတယ်။ အဲ့ဒီလို သူတို့
စခန်းတွေကို ၀င်ရောက်တဲ့ အခါမှာ မူးယစ်ဆေးဝါးတွေကိုလည်း ကျွန်တော်တို့
သိမ်းဆည်းရမိပါတယ်” ဟု ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော် ကပြောသည်။
တအာင်း(ပလောင်) နယ်မြေအတွင်းရှိ မူးယစ်ဆေးဝါး
စိုက်ပျိုးထုတ်လုပ်ရောင်းချသော လုံထန်ပြည်သူ့စစ်တပ်ဖွဲ့၊ လောခို
ပြည်သူ့စစ်တပ်ဖွဲ့နှင့် လုံနမ်း ပြည်သူ့စစ်တပ်ဖွဲ့တို့ ၏ စစ်စခန်းများသို့
ဝင်ရောာက်ကာ လက်နက်များ ဖြုတ်သိမ်းခဲ့ကြောင်း ၄င်းကပြောသည်။
“
ကျွန်တော်တို့ ဒေသတွင်းထဲမှာ လက်နက်ကိုင်ပြီးတော့
မူးယစ်ဆေးဝါးရောင်းနေတယ်။ အဲ့ဒီလိုတပ်ဖွဲ့တွေကို ကျွန်တော်တို့ နယ်မြေထဲမှာ
မထားနိုင်ဘူး။အကုန်လုံးရှင်းလင်
ပလောင်ပြည်လွတ်မြောက်ရေး တပ်ဦး (P.S.L.F/ T.N.L.A) သည် ပြည်ထောင်စု
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌဦးအောင်မင်း
ဦးဆောင်အဖွဲ့နှင့် ပထမဆုံး အကြိမ် ပြည်နယ်အဆင့်ဆွေးနွေးပွဲ ကို
ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်တွင် ပြုလုပ်ခဲ့သော အဖွဲ့ဖြစ်သည်။
Credit-United Media Group
Wednesday, September 25, 2013
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းကြောင့် ဒေသတွင်းရှိ ပြည်သူ့ စစ်တပ်ဖွဲ့များကို လက်နက်ဖြုတ်သိမ်း ခြင်းဖြစ်ကြောင်း T.N.L.A ရှင်းလင်းပြောကြား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment