Saturday, September 28, 2013

မြန်မာအစိုးရ ခလရ ၁၃၀ မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်းပုဒ်များ ဖျက်ဆီးဖြုတ်ချ


၂၈ ရက် စက်တင်ဘာလ ၂၀၁၃ ခုနှစ်

မန်တုံမြို့ ရပ်ကွက်များတွင် T.N.L.A တအန်းတပ်မတော် စိုက်ထူထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သတိပေး ဆိုင်းပုဒ်များကို ယနေ့ နေ့လည်အချိန်တွင် ၁၃၀ တပ်မှ မြန်မာတပ်ဖွဲ့များက သွားရောက် ဖျက်ဆီးဖြုတ်ချခဲ့ကြောင်း သိရှိရ

မန်တုံမြို့ရှိ ဟိုခိုရပ်ကွက်၊ ဇီကထောင် ရပ်ကွက်၊ မြို့မရပ်ကွက်များတွင် ထိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်းပုဒ်များကို တအန်းတပ်အမိန့်ဖြင့် ၂၆ ရက်နေ့ စက်တင်ဘာလတွင် စိုက်ထူခဲ့ပြီး ယနေ့ ၂၈ ရက်နေ့တွင် ဖျက်ဆီးခံလိုက်ရသဖြင့် ၂ ရက်သာ လူထုရပ်ကွက်အတွင်းစိုက်ထူနိုင်ခြင်းဖြစ်

P.S.L.F/T.N.L.A ဗဟိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ ဦးဆောင်လမ်းညွန်မှုဖြင့် တအန်းတပ်မတော် သည် မိမိတို့ထိန်းချုပ်ရာနယ်မြေဒေသတိုင်းတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် စည်းရုံးလှုံ့ဆော်ကာ သတိပေးချက်များ ထုတ်ပြန်ပြီး ထိရောက်စွာအရေးယူဆောင်ရွက်လျှက်ရှိ

သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

0 comments:

Post a Comment