Saturday, September 14, 2013

တအန်းတပ် တပ်ရင်း ၇၁၇ နှင့် ဖြစ်ပွားသောတိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ဝင် ၃ ကျဆုံး ၅ ဦးထိခိုက်ဒါဏ်ရာရ

၁၅ ရက် စက်တင်ဘာလ ၂၀၁၃ ခုနှစ်

ကျောက်မဲမြို့နယ် အနောက်ဘက်ခြမ်းရှိ ကွန်မောက်နှင့် ဟိုကျပ် ရွာအကြားတွင် တအန်းတပ်မတော် တပ်ရင်း ၇၁၇ နှင့် မြန်မာ တပ်မတော် ခမရ ၁၁၄ တို့ စက်တင်ဘာလ ၁၄ ရက် နံနက် ၁၁း၃၀ နာရီမှ ၁၂း၁၅ နာရီအချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ခမရ ၁၁၄ မှ မြန်မာတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးပြီး ၅ ဦး ထိခိုက်ဒါဏ်ရာရရှိကြောင်း သိရှိရ

တအန်းတပ်ရင်း ၇၁၇ ခေတ္တစခန်းချနေသော တောင်ကုန်းကို သိမ်းယူရန် ခမရ ၁၁၄ စစ်ကြောင်းတက်လာသဖြင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်

တိုက်ပွဲတွင် မြန်မာတပ်ဘက်မှ ၆၀ မမ လက်နက်ကြီးများ ဆက်တိုက်ထုသကဲ့သို့ TNLA ဘက်မှလည်း RPG လက်န်ကကြီးဖြင့် ပြန်ပစ်ရာ ဆက်တိုက်တက်လာသော မြန်မာတပ်ဖွဲ့ဝင်များအကြား RPG ကျည်ထိမှန်ကျရောက်သဖြင့် သုံးဦးကျဆုံးပြီး အများအပြားဒါဏရာရ

ထပ်မံ၍တက်လာရာ တအန်းတပ်မှ စောင့်ဆိုင်းပစ်ခတ်မှုကြောင့် လက်နက်ငယ်များထိမှန်ဒါဏ်ရာရပြီး မွန်းလွဲပိုင်း တွင် ၁၁၄ စစ်ကြောင်း ထိုးစစ်ရပ်

ညနေပိုင်းတွင် ဒါဏ်ရာရလူနာများ သယ်ဆောင်ဆေးကုသပြီး ပြင်းထန်သူ ၃ ဦးကိုကျောက်မဲဆေးရုံသို့ စေလွတ် ပို့ဆောင်ကုသနေသည်ဟုသိရှိရ

လူထုစည်းရုံးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက် နေသော တအန်းတပ်ရင်း ၇၁၇ကို အင်အား ၈၀ နီးပါးရှိ ခမရ ၁၁၄ စစ်ကြောင်းက လိုက်လံတိုက်ခိုက်ထိုးစစ်ဆင်နေခြင်းဖြစ်

သတင်းနှင့်ပြန်ကြားရေးဌာန

P.S.L.F/T.N.L.A

0 comments:

Post a Comment